realme Q5 စီးရီးကို လာမဲ့ရက်သတ္တပတ်မှာ တရားဝင် ထုတ်ဖော်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ 80W charging, 5,000mAh ဘက်ထရီ စတဲ့အချက်အလက်တွေကို အစောကတည်းက အတည်ပြုထုတ်ပြန်ပေးထားပြီးဖြစ်ပေမဲ့ ဒီအချက်အလက်တွေဟာ realme Q5 Pro တစ်မျိုးတည်း၊ ဒါမှမဟုတ် စီးရီးဝင်အားလုံးမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။

Weibo အသုံးပြုသူ Panda ကတော့ Pro ကစပြီး realme Device သုံးမျိုးအတွက် အသေးစိတ်အချက်အလက် အချို့ကို မျှဝေလာတာ တွေ့ရပါတယ်။ Geekbench က အတည်ပြုထားတဲ့ Snapdragon 870 chipset ကို အသုံးပြုထားကြမှာဖြစ်ပြီး Pro ဖြစ်တဲ့ RMX3372 ကတော့ 8GB RAM နဲ့ Android 12 ဖြစ်တယ်လို့ ဆိုပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ 120Hz refresh rate ရှိတဲ့ 6.62-inch AMOLED (FHD+) မျက်နှာပြင်နဲ့အတူ 16MP selfie ကင်မရာ ပါဝင်မယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကကင်မရာ၊ 8MP ultra-wide angle ကင်မရာနဲ့ 2MP macro ကင်မရာတွေ ပါဝင်မယ်လို့ သိရပါတယ်။

realme Q5 Pro မှာ 80W အမြန်အားသွင်းစနစ်နဲ့အတူ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် realmeQ5 Pro ဟာ GT Neo2 ထက် ပိုကောင်းတဲ့ဗားရှင်းတော့ ဖြစ်လာနိုင်ပါတယ်။ realme Q5i ကတော့ Dimensity 810 chip သုံးထားပြီး 6.58-inch LCD (FHD+) မျက်နှာပြင်၊ 8MP selfie ကင်မရာတို့ ပါဝင်ပါလိမ့်မယ်။

ကျောဘက်မှာ 13MP အဓိကကင်မရာနဲ့ 2MP depth sensor တို့တပ်ဆင်ပေးထားပြီး ဘက်ထရီက 5,000mAh ပဲ ဖြစ်ပါတယ်။ အားသွင်းမြန်နှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena