၂ဝ၂ဝ ခုနှစ်၊ ပထမ (၃) လပတ်အတွက် မိုဘိုင်းဈေးကွက်စစ်တမ်းကို သုတေသနကုမ္ပဏီ Counterpoint က နောက်ဆုံးထုတ်ပြန်သည့်အချက်အလက်များအရ realme အနေဖြင့် အရှေ့တောင်အာရှဒေသတွင် နှစ်အလိုက်တိုးတက်မှုနှုန်းမှာ ၁၇၃ ရာခိုင်နှုန်းဖြင့် အဆင့်-၅နေရာတွင် ရပ်တည်လျက်ရှိပြီး ဒေသတွင်း တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ဆက်လက်ရပ်တည်ထားသည်။

၂ဝ၂ဝ ခုနှစ် ပထမ (၃) လပတ်အတွင်း COVID-19 ကပ်ရောဂါ သက်ရောက်မှုများကြောင့် အရှေ့တောင်အာရှစမတ်ဖုန်းဈေးကွက်၏တင်ပို့ရောင်းချမှုမှာ ၁၁ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သလို ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်းလည်း ၂ဝ၁၉ ခုနှစ် ပထမ (၃) လပတ်ထက် ၁၃ရာခိုင်နှုနှုန်းအထိ ကျဆင်းသွားခဲ့ရသည်။ သို့ရာတွင် တိုးတက်နှုန်းရရှိခဲ့သည့် ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်များထဲတွင် realme သည်လည်း တစ်ခုအဖြစ်ပါဝင်နိုင်ခဲ့သည်။ သုတေသနကုမ္ပဏီ၏ထုတ်ပြန်ချက်အရ realme မှာ ၂ဝ၂ဝ ခုနှစ် ပထမ (၃) လပတ်ကာလအတွက် အရှေ့တောင်အာရှ၏ထိပ်တန်းဈေးကွက်စာရင်းတွင် အဆင့်-၅နေရာအတွင်း ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှာ နှစ်အလိုက်တိုးတက်မှုနှုန်း ၁၁၆ ရာခိုင်နှုန်းနှင့် ၂၅၂ ရာခိုင်နှုန်း အသီးသီးတို့ဖြင့် အဆင့်-၄နေရာတွင် ရပ်တည်နိုင်ခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံက နှစ်အလိုက်တိုးတက်မှုနှုန်း ၁၈ဝဝ ရာခိုင်နှုန်း၊ ဗီယက်နမ်က နှစ်အလိုက်တိုးတက်မှုနှုန်း ၉၂ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက နှစ်အလိုက်တိုးတက်မှုနှုန်း ၃၅ဝ ရာခိုင်နှုန်းတို့်ဖြင့် သက်ဆိုင်ရာနိုင်ငံတွင်း ဈေးကွက်တွင် အဆင့်-၅နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ realme မှာ ၂ဝ၂ဝ ခုနှစ်၊ ပထမ (၃) လပတ်တွင် အဆင့်-၇နေရာကို ဆက်လက်ရယူထားပြီး တစ်ကမ္ဘာလုံးသုံးစွဲသူအရေအတွက် ၃၅သန်းဖြင့် တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံအဖြစ် ရပ်တည်လျက်ရှိသည်။ realme အနေဖြင့်၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အရှေ့တောင်အာရှဈေးကွက်သို့ ပထမဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံတွင်းနှင့် ဒေသတွင်းဈေးကွက် ၂၇ခုအထိ ထိုးဖောက်ဝင်ရောက်နေရာယူထားပြီးဖြစ်သည်။ သုတေသနကုမ္ပဏီ Counterpoint ၏ စစ်ဆေးချက်များအရ realme အနေဖြင့် စတင်မိတ်ဆက်ပြီး တစ်နှစ်အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် ထိပ်တန်းအမှတ်တံဆိပ် ၅ခုစာရင်းတွင်ဝင်ရောက်နေရာယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီယားတွင် စတင်မိတ်ဆက်ပြီး ၃လအတွင်းအဆင့်-၅နေရာရယူနိုင်ခဲ့သည်။ ထိုင်းနိုင်ငံတွင်မူ ၂ဝ၂ဝ ခုနှစ်၊ ပထမ (၃)ပတ်အတွင်း အဆင့်-၅နေရာသို့ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုတိုးတက်မှုအခြေအနေများ ကြောင့် အရှေ့တောင်အာရှ၏ အဓိကဈေးကွက်များတွင် ထိပ်တန်းတင်ပို့ရောင်ချသူတစ်ဦးအဖြစ်ရပ်တည်နေခြင်းဖြစ်သည်။

မြန်မာပြည်မိုဘိုင်းဈေးကွက်တွင်းလည်း realme Myanmar အနေဖြင့် realme C series၊ realme 2 series၊ realme 3 series၊ realme 5 series၊ realme XT၊ realme X2 Pro (Limited Edition)၊ realme 6 series ထုန်ကုန်များကိုတင်သွင်းရောင်းချပေးခဲ့ပြီး လူငယ်ဆန်းသည့်ဒီဇိုင်းပုံစံများနှင့် နည်းပညာဆန်းသစ်မှုများကြောင့် သုံးစွဲသူများမြန်မြန်ဆန်ဆန်တိုးတက်လာခဲ့ခြင်းဖြစ်ကာ တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံအဖြစ်ပါ မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် ယခုကဲ့သို့ အဆင့်-၅နေရာအထိ တက်ရောက်လာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် အခြားသော accessory များဖြစ်ကြသည့် realme Power Bank, realme Buds Wireless, realme Buds Air တို့ကိုပါ တင်သွင်းရောင်းချပေးထားပြီဖြစ်သည်။ realme အနေဖြင့် Tech Trendsetting life ကိုပိုမိုပုံဖော်ဖြည့်ဆည်းပေးနိုင်စေရန်အတွက် smartphone နှင့် AIoT ထုတ်ကုန်များကိုလည်း သိပ်မကြာသည့်အချိန်တွင် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ယူဆောင် ပေးသွားရန် ပြင်ဆင်လျက်ရှိပြီး နည်းပညာကိုတန်ဖိုးထား အာသိသပြင်းစွာအသုံးပြုနေကြသည့် လူငယ်များအတွက် မိမိတစ်ကိုယ်ရည်ဘဝ၊ မိသားစုဘဝနှင့် ခရီးသွားလာခြင်းတို့ အတွက် နည်းပညာရေစီးကြောင်းဘဝစတိုင်းကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်စေရန် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်။ နိုင်ငံတကာတွင်းလည်း 5G ကွန်ရက်အသုံးပြုနိုင်သည့် စမတ်ဖုန်းများနှင့်အတူ entry-level မှ flagship-level အထိ ထုတ်ကုန်များစွာကို မိတ်ဆက်ရောင်းချပေးထားပြီဖြစ်သည်။ အနာဂတ်တွင်လည်း လူငယ်များအထူးနှစ်သက်သဘောကျသည့် စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် “Dare To Leap” ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားဖန်တီးပေးသွားဦးမည်ဖြစ်သည်။