Oppo ရဲ႕ Sub-Brand အသစ္ျဖစ္တဲ့ Realme ဟာ ၂၀၁၈ ခုႏွစ္၊ ေမလမွာမွ ေစ်းကြက္ထဲ စဝင္လာခဲ့တာပါ။ ပထမဆုံး Realme 1 ထြက္ျပီးတဲ့ေနာက္ ၾသဂုတ္လကုန္မွာ Realme 2 ကိုပါ ဆက္တုိက္ ထုတ္ေဝခဲ့ျပီး အခု စက္တင္ဘာ ၁၈ ရက္ေန႔မွာ စုစုေပါင္း ဟန္းဆက္ အလုံးေရ တစ္သန္း ေရာင္းခ်ႏုိင္ခဲ့ေၾကာင္း Realme က ထုတ္ျပန္ေၾကျငာလုိက္ပါတယ္။

ဒါဟာ သက္တမ္းႏုနယ္ေသးတဲ့ အသစ္စက္စက္ အမွတ္တံဆိပ္တစ္ခုအတြက္ လွ်င္ျမန္တဲ့ေရာင္းအားလို႔ ဆုိရမွာပါ။ Realme 2 ကို ပထမဆုံးအၾကိမ္ Flash Sale ေရာင္းခ်ရာမွာ အလုံးေရ ႏွစ္သိန္းေရာင္းခ်ခဲ့ျပီး ဒုတိယ အၾကိမ္ ေရာင္းခ်မႈအျပီးမွာေတာ့ စုစုေပါင္း ၃၇၀၀၀၀ ထိေရာက္ရွိခဲ့ပါတယ္။ Flash Sale ဆုိတာနဲ႔အညီ မိနစ္ပုိင္း အတြင္းမွာ ေရာင္းကုန္ခဲ့တာခ်ည္းပါပဲ။ ယေန႔မွာ တတိယအၾကိမ္ေျမာက္ ထပ္မံေရာင္းခ်ခဲ့ျပီးတဲ့ေနာက္ ကိန္းဂဏာန္း အတိအက်ထုတ္ျပန္မယ့္အစား အလုံးေရတစ္သန္းျပည့္ အမွတ္တရအျဖစ္ “Proud To Be Young” ဆုိတဲ့ စာသားနဲ႔ ေအာင္ပြဲခံခဲ့တာပါ။

တစ္သန္း ဆုိတဲ့ပမာဏဟာ Realme 1 နဲ႔ 2 ဖုန္းႏွစ္လုံးစလုံးရဲ႕ ေရာင္းအားေတြကို ေပါင္းထားတာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိသားစုဝင္ ျဖစ္လာမယ့္ Realme 2 Pro ဟာလည္း လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း လာေရာက္ပူးေပါင္းဦးမွာပါ။ Realme က သူတုိ႔ရဲ႕ဖုန္းေတြကို အေရွ႕အလယ္ပုိင္းနဲ႔ အေရွ႕အာရွ ေဒသေတြမွာ မၾကာခင္ ဝယ္ယူႏုိင္ေအာင္ ၾကိဳးစားသြားမွာျဖစ္တယ္လို႔လဲ ေျပာခဲ့ပါတယ္။

Ref – https://www.fonearena.com/blog/263745/realme-2-sales-cross-half-a-million-in-two-weeks-combined-realme-smartphone-sales-cross-1-million.html

Unicode

Oppo ရဲ့ Sub-Brand အသစ်ဖြစ်တဲ့ Realme ဟာ ၂၀၁၈ ခုနှစ်၊ မေလမှာမှ ဈေးကွက်ထဲ စဝင်လာခဲ့တာပါ။ ပထမဆုံး Realme 1 ထွက်ပြီးတဲ့နောက် သြဂုတ်လကုန်မှာ Realme 2 ကိုပါ ဆက်တိုက် ထုတ်ဝေခဲ့ပြီး အခု စက်တင်ဘာ ၁၈ ရက်နေ့မှာ စုစုပေါင်း ဟန်းဆက် အလုံးရေ တစ်သန်း ရောင်းချနိုင်ခဲ့ကြောင်း Realme က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒါဟာ သက်တမ်းနုနယ်သေးတဲ့ အသစ်စက်စက် အမှတ်တံဆိပ်တစ်ခုအတွက် လျှင်မြန်တဲ့ရောင်းအားလို့ ဆိုရမှာပါ။ Realme 2 ကို ပထမဆုံးအကြိမ် Flash Sale ရောင်းချရာမှာ အလုံးရေ နှစ်သိန်းရောင်းချခဲ့ပြီး ဒုတိယ အကြိမ် ရောင်းချမှုအပြီးမှာတော့ စုစုပေါင်း ၃၇၀၀၀၀ ထိရောက်ရှိခဲ့ပါတယ်။ Flash Sale ဆိုတာနဲ့အညီ မိနစ်ပိုင်း အတွင်းမှာ ရောင်းကုန်ခဲ့တာချည်းပါပဲ။ ယနေ့မှာ တတိယအကြိမ်မြောက် ထပ်မံရောင်းချခဲ့ပြီးတဲ့နောက် ကိန်းဂဏာန်း အတိအကျထုတ်ပြန်မယ့်အစား အလုံးရေတစ်သန်းပြည့် အမှတ်တရအဖြစ် “Proud To Be Young” ဆိုတဲ့ စာသားနဲ့ အောင်ပွဲခံခဲ့တာပါ။

တစ်သန်း ဆိုတဲ့ပမာဏဟာ Realme 1 နဲ့ 2 ဖုန်းနှစ်လုံးစလုံးရဲ့ ရောင်းအားတွေကို ပေါင်းထားတာ ဖြစ်ပါတယ်။ နောက်ထပ် မိသားစုဝင် ဖြစ်လာမယ့် Realme 2 Pro ဟာလည်း လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း လာရောက်ပူးပေါင်းဦးမှာပါ။ Realme က သူတို့ရဲ့ဖုန်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အရှေ့အာရှ ဒေသတွေမှာ မကြာခင် ဝယ်ယူနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့လဲ ပြောခဲ့ပါတယ်။

Ref – https://www.fonearena.com/blog/263745/realme-2-sales-cross-half-a-million-in-two-weeks-combined-realme-smartphone-sales-cross-1-million.html