Unicode

Realme ကနေ ယခင် OPPO နဲ့အတူ သုံးစွဲနေတဲ့ ColorOS UI ကို ကိုယ်ပိုင် Realme UI နဲ့ ပြောင်းလဲပြီး စမတ်ဖုန်းအများအပြားကို Update လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ Realme XT အတွက် Realme UI Stable Update ကို ထုတ်ပေးလိုက်ပါပြီ။

Realme XT စမတ်ဖုန်းကို အသုံးပြုနေတဲ့သူတွေအနေနဲ့ ယခု Update ကို System Update ကနေ OTA Download ပြုလုပ်နိုင်မှာဖြစ်သလို တကယ်လို့ Update မရရှိသေးဘူးဆိုရင်လည်း ယခု Link ကနေ Download ရယူနိုင်မှာပါ။

ဒီ Android 10-based Realme UI Update က Version Number RMX1921EX_11_C.01 အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီးတော့ User Experience နဲ့ One Hand Operation တွေကို ပိုပြီး ကောင်းမွန်အောင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 10 Navigation Gesture တွေကိုပါ Optimized ပြုလုပ်ထားပါသေးတယ်။

အဆိုပါ ပြောင်းလဲမှုတွေအပြင် Realme UI မှာ Feature ပြောင်းလဲမှုတွေအများအပြားရှိခဲ့ပြီး Changelog အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာပါ။

Ref – GSM Arena

Zawgyi





Ref – GSM Arena