realme စမတ်ဖုန်းတွေဟာ စစခြင်းမိတ်ဆက်လာတုန်းက OPPO ရဲ့ ColorOS ကိုပဲ အသုံးပြုခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှသာ ကိုယ်ပိုင် realme UI အနေနဲ့ ပြောင်းလဲပြီး အသုံးပြုလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် realme စမတ်ဖုန်းတွေဟာ အစောပိုင်းမှာ Software Firmware ကို OPPO ရဲ့ OZIP Format ပဲ အသုံးပြုလာခဲ့တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ တကယ်လို့ Firmware ကို OTA Update အနေနဲ့မဟုတ်ဘဲ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Update ပြုလုပ်ဖို့ ခက်ခဲခဲ့ပါတယ်။

အခုအချိန်မှာတော့ realme ကနေ realme UI ကို ပြောင်းလဲခဲ့တာနဲ့အတူ အသုံးပြုသူတွေအတွက် Flash Tool အသစ်ကိုပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ realme Flash Tool ကို realme X50 Pro ဖုန်းတစ်ခုပဲ Support ပေးမှာဖြစ်ပေမယ့် နောက်ပိုင်း realme ဖုန်းအားလုံးအတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Flash Tool ကနေ realme ဖုန်းတွေရဲ့ Firmware Format အသစ်ဖြစ်တဲ့ OFP Package File တွေကို Flash ပြုလုပ်နိုင်မှာဖြစ်ပြီးတော့ Firmware ပြန်တင်တာ၊ Update ပြုလုပ်တာတွေကို အလွယ်ပြုလုပ်နိုင်တော့မှာပါ။ ဒါက Custom ROM တွေကို စမ်းတင်သုံးပြီး realme UI ပြန်လည်အသုံးပြုချင်တဲ့သူတွေအတွက်လည်း လွယ်ကူသွားပြီး တစ်ခုရှိတာကတော့ ယခု realme Flash Tool ကို အသုံးပြုမယ်ဆိုရင် User Data တွေအကုန်လုံးပျက်ပြီး အသစ်အတိုင်းဖြစ်သွားမယ်လို့ သိရပါတယ်။

realme Flash Tool ဟာ UI Design အရတော့ Xiaomi ကနေထုတ်လုပ်ထားတဲ့ Mi Flash Tool နဲ့ဆင်တူပြီးတော့ Mi Flash Tool လိုမျိုး Qualcomm ဖုန်းတွေအတွက် Emergency Download Mode (EDL Mode) ကိုတော့ Support ပေးထားခြင်းမရှိပါဘူး။ realme India ရဲ့ CEO ပြောကြားချက်အရတော့ realme ဖုန်းတွေကို Custom ROM တင်သုံးပြီး realme UI ပြန်တင်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ Fingerprint Sensor အလုပ်မလုပ်တဲ့ပြဿနာကိုလည်း ယခု Flash Tool နဲ့ ဖြေရှင်းထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် realme ဖုန်းတွေကို Custom ROM တင်သုံးချင်တဲ့သူတွေအတွက်ကတော့ အခု realme Flash Tool က အသုံးဝင်တဲ့ Software တစ်ခုဖြစ်လာမှာပါ။

Ref – XDA-Developers