မော်ဒယ်နံပါတ် RMX2170 နဲ့ Realme ဖုန်းတစ်လုံးဟာ သူ့ရဲ့ အားသွင်းစနစ်အတွက် TUV Rheinland မှာ အတည်ပြုချက် ရယူလာခဲ့ပြီး 65W Charger နဲ့ တွဲဖက်ထားပါတယ်။ သူ့မှာ Cell နှစ်ခုနဲ့ ဘက္ထရီကို အသုံးပြုထားပြီး တစ်ခုကို 2,200 mAh ပါဝင်တဲ့အတွက် စုစုပေါင်း 4,400 mAh ဖြစ်ပါတယ်။

ဒီဖုန်းဟာ အနီးစပ်ဆုံး ဖြစ်နိုင်တာက Realme X3 Pro ဖြစ်ပါတယ်။ အရင်ကလည်း X3 Pro လို့ ထင်ခဲ့တဲ့ အခြား ဟန်းဆက်တွေကို မြင်ခဲ့ဖူးသေးတာကြောင့် ရာနှုန်းပြည့်တော့ မသေချာသေးပါဘူး။

RXM2170 ဟန်းဆက်ဟာ မကြာသေးခင်က Wi-Fi Alliance မှာလည်း အတည်ပြုချက် ရယူခဲ့ပြီး Android 10 OS နဲ့ အစမ်းသပ်ခံထားတာပါ။ Snapdragon 865 ဖုန်းတွေက Wi-Fi 6 ကို ထောက်ပံ့ပေးပေမယ့် ဒီဖုန်းမှာ Wi-Fi 5 သာ ပါဝင်တာကိုလည်း တွေ့ရပါတယ်။

မြင်ရသလောက် အချက်အလက်တွေက လက်ရှိ Realme X3 စီးရီးနဲ့ ကိုက်ညီနေပြီး Realme X3 မှာ Snapdragon 855+ နဲ့ Wi-Fi 5 သာ ပါဝင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ Snapdragon 765G မော်ဒယ် တွေမှာလည်း ချစ်ပ်ဆက်က ထောက်ပံ့ပေးနိုင်တာတောင် Wi-Fi 6 မထည့်ပေးထားတာကိုလည်း ထည်တွက်ရမှာပါ။

Ref – GSMArena