realme ဟာ လွန်ခဲ့တဲ့ ၁၂ လ အကြာက GT Master နဲ့ GT Explorer Master စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေဟာ ဒီဇိုင်း ထူးခြားဆန်းသစ်ပြီး Naoto Fukusawa က ဒီဇိုင်းထုတ်ထားတာ ဖြစ်ကာ ကပ်ရောဂါကာလမှာ ခရီးသွားချင်တဲ့ လူတွေရဲ့ စိတ်ဆန္ဒကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

Realme GT Master Edition and Realme GT Explorer Master Edition introduced to the global market | gagadget.com

အဲဒီ စမတ်ဖုန်း ၂ လုံးဟာ စတင် ရောင်းချစဉ်ကတည်းက လူကြိုက်များ ရေပန်းစားခဲ့ပြီး အခုတော့ realme CEO Sky Li က Explorer ကို နိုင်ငံတချို့မှာပဲ အကန့်အသတ်နဲ့ ရောင်းချထားပေမယ့် အဲဒီ ဖုန်း ၂ လုံးရဲ့ ရောင်းအားဟာ အလုံးရေ ၂ သန်းရှိပြီလို့ ပြောပါတယ်။

Realme GT Explorer Master Mobile Photos, Official Pictures

realme GT Explorer Master ဟာ လူတန်းစားမျိုးစုံ ကြိုက်နှစ်သက်ကြတဲ့ စမတ်ဖုန်း ဖြစ်ပြီး ကောင်းမွန်တဲ့ ကင်မရာ၊ အရွယ်ကြီး၊ တောက်ပတဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့ ဘက်ထရီ သက်တမ်းနဲ့ စွမ်းရည်မြင့် Chipset တွေ ထည့်သွင်းထားပါတယ်။ မျက်စိပသာဒ ဖြစ်စေတဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်လိုက်ရင် ယူရို ၅၀၀ ပေးရတာနဲ့ တန်ပြီး မြန်မာငွေ ၉၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ GT Master ဟာ အရွယ်အစား ပိုသေးငယ်ပြီး ပိုမို စွမ်းရည်နိမ့်တဲ့ Chipset ထည့်ထားပေမယ့် ယူရို ၃၅၀ ဈေးကြောင့် လူကြိုက်များပြီး မြန်မာငွေ ၆၇၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

realme ဟာ နောက်မျိုးဆက် စမတ်ဖုန်းကို ဖန်တီးနေပြီး GT2 Explorer Master မှာ Snapdragon 8+ Gen 1 Chispet မောင်းနှင်ထားမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည် အပိုင်းမှာ အများကြီး တိုးတက်သွားမှာဖြစ်ပြီး 5,000mAh ဘက်ထရီ ပါလာမှာပါ။ ဒီလထဲ ကြေညာမှာ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်း အဲဒီဖုန်းရဲ့ သတင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena