realme က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ realme 10 Series ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ ကုမ္ပဏီက 10 Series နဲ့အတူ Truly Wireless နားကြပ်အသစ်ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ realme က မျှဝေထားတဲ့ Teaser ပိုစတာမှာ နားကြပ်အမည်ဟာ realme Buds Air 3S ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Realme Buds Air 3S

အဲဒီ နားကြပ်အသစ်ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပေမယ့် ပိုစတာမှာ ဒီဇိုင်းကို သေသေချာချာ မြင်ရပါတယ်။ နားကြပ်မှာ တိုတဲ့ Stem တွေတပ်ဆင်ထားတဲ့အတွက် အရွယ်သေး၊ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နားကြပ်ဟာ နားထဲမှာ မြဲမြံစွာ ရှိစေမယ့် Ear Wings တွေ တပ်ဆင်ထားပါတယ်။

Realme Buds Air 3S

နားကြပ်ကို လေးထောင့်ပုံ Charginx Box ထဲမှာ ထည့်သွင်းထားပြီး Box ထဲမှာ “DARE TO LEAP” စာသားကို ရေးထားပါတယ်။ အဲဒါဟာ “Proud To Be Young” ကို အစားထိုးထားတဲ့ realme ရဲ့ နောက်ဆုံး Slogan ဖြစ်ပါတယ်။ နားကြပ်အတွက် Space White နဲ့ Carbon Black ၂ ရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ အမှာစာလက်ခံနေပြီလို့ သိရပါတယ်။

Buds Air 3S ရဲ့ Specs တွေဟာ ဇူလိုင်လက ကြေညာခဲ့တဲ့ Buds Air 3 Neo နဲ့ အများကြီး မကွာခြားနိုင်ပါဘူး။ Buds Air 3 Neo မှာ 10mm Bass Moving Coil တပ်ဆင်ထားပါတယ်။ AI Electronic Noise Cancellation ထောက်ပံ့ထားပြီး Bluetooth 5.2 ပါပါတယ်။ 88ms Ultra-low Latency နဲ့ IPX5 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ ၁၈ ဒေါ်လာနဲ့ ရောင်းချထားပြီး Buds Air 3S ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းနိုင်ပါတယ်။

Ref : gizmochina