realme ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက realme Watch S နာမည်နဲ့ Smartwatch တစ်လုံးကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုအချိန်မှာလည်း နောက်ထပ်ပိုကောင်းတဲ့ realme Watch S Pro နာမည်နဲ့ Smartwatch အသစ်ကို မိတ်ဆက်သွားတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် realme ဟာ “Ready to Meet the Pro Trendsetters” နာမည်နဲ့ Teaser ဓါတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဓါတ်ပုံမှာ realme Watch S နဲ့ ဆင်တူတဲ့ Circular Smartwatch တစ်လုံးပုံကိုပါ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ realme India CEO ကလည်း Twitter Account ကနေ တစ်ဆင့်အတည်ပြုပေးခဲ့ပါသေးတယ်။

realme India CEO ဖြစ်တဲ့ Madhav Sheth ရဲ့ Tweet မှာ realme Watch S Pro ရဲ့ Design ကိုပါ တွေ့မြင်ခဲ့ရပြီး realme Watch S နဲ့ Design ပိုင်းတော်တော်လေးဆင်တူနေတာကို တွေ့ရပါတယ်။ Button အနေနဲ့ကတော့ ၂ ခုပဲ ပါဝင်မှာဖြစ်ပြီး လက်ပတ်ကြိုးကလည်း ပုံမှန် အနက်ရောင်ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အဲ့ဒီအတွက်ဖြစ်နိုင်ခြေများနေတာကတော့ realme Watch S Pro မှာ Internal GPS ၊ NFC အပါအဝင် တခြားသော စွမ်းဆောင်ရည်နဲ့သက်ဆိုင်တဲ့ Upgrade တွေပဲ ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။ ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

Ref – GSM Arena