realme ဟာ ပြီးခဲ့တဲ့ လကပဲ Watch S ကို ချပြခဲ့ပြီး မကြာခင်မှာ Pro Version ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက လူတွေ စိတ်ဝင်စားမှု မြင့်လာအောင် မကြာခင်ကပဲ Watch S Pro ရဲ့ Live ဓါတ်ပုံ ၁ ပုံကို မျှဝေခဲ့ပါတယ်။ တွစ်တာမှာ စမတ်နာရီရဲ့ ဗီဒီယို ၁ ခုကိုလည်း ပြသခဲ့ပြီး AMOLED ထိတွေ့မျက်နှာပြင် ပါမယ်လို့ ညွှန်းဆိုထားပါတယ်။

ဗီဒီယိုမှာ ဘောလီးဝုဒ် မင်းသမီး Shraddha Kapoor က Watch S Pro ကို ဝတ်ဆင်ထားပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာ ပါလာပါတယ်။ လက်ရှိမှာ အဲဒီ စမတ်နာရီရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို သိပ်မသိရသေးပါဘူး။ realme က အဲဒီ စမတ်နာရီရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြမယ့် အချိန်ကို စောင့်နေတုန်းမှာပဲ realme India နဲ့ Europe ရဲ့ စီအီးအို Madhav Sheth က Watch S Pro နမူနာမော်ဒယ်တွေကို ထုတ်ပြလိုက်ပါတယ်။

Realme Watch S Pro teased with AMOLED touchscreen, CEO gives a peek at its prototypes

မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပြီး Physical Buttons တွေကို တွေ့ရပါတယ်။ လက်ပတ်ကြိုး ဒီဇိုင်းမျိုးစုံကို မြင်ရပြီး မတူညီတဲ့ ဒြပ်ထုတွေနဲ့ တည်ဆောက်ထားပါတယ်။ ရှင်းရှင်းပြောရရင် ဒီဇိုင်းမျိုးစုံထဲက ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။

Watch S Pro ဟာ Watch S ထက် ပိုကောင်းလာမှာ သေချာပါတယ်။ Watch S မှာတော့ ၁.၃ လက်မ LCD မျက်နှာပြင် ပါလာပြီး 390mAh ဘက်ထရီ ပါလာပါတယ်။ SpO2 ဆန်ဆာနဲ့ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ဆန်ဆာ ထည့်သွင်းထားပြီး IP68 စံနှုန်းပါတဲ့အတွက် ရေစိုခံပါတယ်။

Ref : gsmarena