[Zawgyi]

Realme ဟာ တရုတ္ျပည္တြင္းကို ထုိးေဖာက္မႈစတင္လာၿပီး မၾကာခင္က Weibo အေကာင့္နဲ႔ အျခား တရုတ္ဆုိရွယ္မီဒီယာအေကာင့္ေတြ ဖြင့္လွစ္လာပါၿပီ။ ကုမၸဏီဟာ တရုတ္ေစ်းကြက္အတြက္ သူတုိ႔ရဲ႕ ပထမဆုံးစမတ္ဖုန္းကိုလည္း မၾကာခင္မိတ္ဆက္သြားမွာျဖစ္ၿပီး TENAA ဝက္ဆုိက္မွာ ေမာ္ဒယ္နံပါတ္ RMX1901 နဲ႔ အသိအမွတ္ျပဳရရွိထားပါၿပီ။

သူ႕ရဲ႕ TENAA ပုံရိပ္ထဲမွာ Notch မပါတဲ့ Display နဲ႔အတူ Pop-up ဆယ္ဖီကင္မရာပါမယ္လို႔ ခန္႔မွန္းခဲ့ၾကတယ္။ ယေန႔မွာ တရုတ္ကုမၸဏီဟာ Weibo အေကာင့္မွာ သူတုိ႔ရဲ႕ Theme Song အသစ္ကို တင္လုိက္ၿပီး အဲ့ဒီသီခ်င္းထဲမွာ Realme ရဲ႕ Pop-up ကင္မရာစမတ္ဖုန္းအသစ္ကို ထည့္သြင္းျပလာပါၿပီ။

ဒီဗီဒီယုိထဲမွာ ဖုန္းရဲ႕အေရွ႕ပိုင္း ဒီဇိုင္းကိုပဲ ေသခ်ာျမင္ရတာ ျဖစ္ပါတယ္။ ပုံရိပ္ထဲမွာျမင္ရတဲ့ဖုန္းဟာ ေအာက္ေျခ Bezel က ထူထဲတဲ့ Chin ျဖစ္ေနၿပီး က်န္တဲ့ပတ္လည္ေဘာင္ေတြက ပါးလႊာတာကို ေတြ႕ရမွာပါ။ ေက်ာဘက္ဒီဇုိင္းကုိေတာ့ မျမင္ရေပမယ့္ ဗီဒီယုိထဲကေနတဆင့္ သိခြင့္ရခဲ့တာ ေနာက္တစ္ခုက 3.5mm Audio Jack ပါဝင္တာ ျဖစ္ပါတယ္။

ဖုန္းအသစ္ရဲ႕နာမည္ကိုေတာ့ ဘယ္မွာမွ မေဖာ္ျပလာေသးပါဘူး။ TENAA မွာပါဝင္ခဲ့တဲ့ Specs အရေတာ့ 6.5” လက္မအရြယ္ Display နဲ႔ အနည္းဆုံး 3,680 mAh ရွိတဲ့ ဘကၳရီတုိ႔ ပါဝင္မယ္ဆုိတာပါပဲ။ က်န္တဲ့ အခ်က္အလက္ေတြကေတာ့ ခုထိမေပၚထြက္လာေသးပါဘူး။

Ref – Playful Droid

[Unicode]

Realme ဟာ တရုတ်ပြည်တွင်းကို ထိုးဖောက်မှုစတင်လာပြီး မကြာခင်က Weibo အကောင့်နဲ့ အခြား တရုတ်ဆိုရှယ်မီဒီယာအကောင့်တွေ ဖွင့်လှစ်လာပါပြီ။ ကုမ္ပဏီဟာ တရုတ်ဈေးကွက်အတွက် သူတို့ရဲ့ ပထမဆုံးစမတ်ဖုန်းကိုလည်း မကြာခင်မိတ်ဆက်သွားမှာဖြစ်ပြီး TENAA ဝက်ဆိုက်မှာ မော်ဒယ်နံပါတ် RMX1901 နဲ့ အသိအမှတ်ပြုရရှိထားပါပြီ။

သူ့ရဲ့ TENAA ပုံရိပ်ထဲမှာ Notch မပါတဲ့ Display နဲ့အတူ Pop-up ဆယ်ဖီကင်မရာပါမယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ယနေ့မှာ တရုတ်ကုမ္ပဏီဟာ Weibo အကောင့်မှာ သူတို့ရဲ့ Theme Song အသစ်ကို တင်လိုက်ပြီး အဲ့ဒီသီချင်းထဲမှာ Realme ရဲ့ Pop-up ကင်မရာစမတ်ဖုန်းအသစ်ကို ထည့်သွင်းပြလာပါပြီ။

ဒီဗီဒီယိုထဲမှာ ဖုန်းရဲကအရှေ့ပိုင်း ဒီဇိုင်းကိုပဲ သေချာမြင်ရတာ ဖြစ်ပါတယ်။ ပုံရိပ်ထဲမှာမြင်ရတဲ့ဖုန်းဟာ အောက်ခြေ Bezel က ထူထဲတဲ့ Chin ဖြစ်နေပြီး ကျန်တဲ့ပတ်လည်ဘောင်တွေက ပါးလွှာတာကို တွေ့ရမှာပါ။ ကျောဘက်ဒီဇိုင်းကိုတော့ မမြင်ရပေမယ့် ဗီဒီယိုထဲကနေတဆင့် သိခွင့်ရခဲ့တာ နောက်တစ်ခုက 3.5mm Audio Jack ပါဝင်တာ ဖြစ်ပါတယ်။

ဖုန်းအသစ်ရဲ့နာမည်ကိုတော့ ဘယ်မှာမှ မဖော်ပြလာသေးပါဘူး။ TENAA မှာပါဝင်ခဲ့တဲ့ Specs အရတော့ 6.5” လက်မအရွယ် Display နဲ့ အနည်းဆုံး 3,680 mAh ရှိတဲ့ ဘက္ထရီတို့ ပါဝင်မယ်ဆိုတာပါပဲ။ ကျန်တဲ့ အချက်အလက်တွေကတော့ ခုထိမပေါ်ထွက်လာသေးပါဘူး။

Ref – Playful Droid