Zawgyi

ဇြန္လအတြင္းမွာ Realme ဟာ သူတုိ႔ရဲ႕ 64MP Quad Camera ပါဝင္မယ့္ စမတ္ဖုန္းကို ပထမဆုံးအႀကိမ္ Tease လုပ္ခဲ့ေပမယ့္ ေန႔စြဲအတိအက်ေတာ့ မေျပာခဲ့ပါဘူး။ ဒါေပမယ့္ ဖုန္းရဲ႕ထုတ္လုပ္မႈအပိုင္းဟာ အၿပီးသတ္ခါနီးလာတဲ့အခါမွာေတာ့ Realme ဟာ အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕မွာ “Camera Innovation Event” လို႔ အမည္ေပးထားတဲ့ ပြဲတစ္ခုကို ၾသဂုတ္လ ၈ ရက္ေန႔မွာ ျပဳလုပ္က်င္းပသြားမယ္လို႔ ေၾကညာလာခဲ့ပါၿပီ။

ဒီပြဲရဲ႕နာမည္ကိုၾကည့္ရင္ က်ိန္းေသေပါက္ သူတုိ႔ရဲ႕ 64MP Quad Camera နည္းပညာနဲ႔ပတ္သက္လို႔ ပိုေဖာ္ျပလာမယ္ဆုိတာ သိႏုိင္ပါတယ္။ Realme ဟာ Dual-camera စမတ္ဖုန္းေတြျဖစ္တဲ့ 3 စီးရီးနဲ႔ X တုိ႔ကို ထုတ္လုပ္ခဲ့ဖူးေပမယ့္ Triple-camera စစ္စစ္ စမတ္ဖုန္းကိုေတာ့ မထုတ္လုပ္ဖူးေသးပါဘူး။ ဒါေၾကာင့္ Quad-camera စမတ္ဖုန္းကိုထုတ္လာတာဟာ ႀကီးမားတဲ့ အခုန္အေရြ႕တစ္ခုပါပဲ။

လက္ရွိမွာေတာ့ ကင္မရာရဲ႕ Configuration အခ်က္အလက္ေတြကို ဘာမွမသိရေသးပါဘူး။ ဒါေပမယ့္ Realme ဟာ 64MP အဓိက Sensor ကိုအေဖာ္ျပဳဖို႔ Telephoto နဲ႔ Ultra-wide-angle Lens ေတြကို ထည့္သြင္းလာမယ္လုိ႔ေတာ့ ယုံၾကည္ရပါတယ္။ စတုတၳေျမာက္တစ္ခုကေတာ့ ထုံးစံအတုိင္း Depth Sensor ယူနစ္တစ္ခုပဲ ျဖစ္မွာပါ။

Realme ကုမၸဏီကို 64MP Quad-camera စမတ္ဖုန္းနဲ႔ပတ္သက္လို႔ ေမးျမန္းၾကရာမွာေတာ့ ဖုန္းဟာ လက္ရွိမွာ ျပဳလုပ္ဖန္တီးေနဆဲျဖစ္တယ္လို႔ ဆုိေပမယ့္ စက္တင္ဘာလကုန္ သုိ႔မဟုတ္ ၂၀၁၉ စတုတၳ သုံးလပတ္ကာလအစမွာ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref – GSM Arena

Unicode

ဇွန်လအတွင်းမှာ Realme ဟာ သူတို့ရဲ့ 64MP Quad Camera ပါဝင်မယ့် စမတ်ဖုန်းကို ပထမဆုံးအကြိမ် Tease လုပ်ခဲ့ပေမယ့် နေ့စွဲအတိအကျတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ထုတ်လုပ်မှုအပိုင်းဟာ အပြီးသတ်ခါနီးလာတဲ့အခါမှာတော့ Realme ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ “Camera Innovation Event” လို့ အမည်ပေးထားတဲ့ ပွဲတစ်ခုကို သြဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမယ်လို့ ကြေငြာလာခဲ့ပါပြီ။

ဒီပွဲရဲ့နာမည်ကိုကြည့်ရင် ကျိန်းသေပေါက် သူတို့ရဲ့ 64MP Quad Camera နည်းပညာနဲ့ပတ်သက်လို့ ပိုဖော်ပြလာမယ်ဆိုတာ သိနိုင်ပါတယ်။ Realme ဟာ Dual-camera စမတ်ဖုန်းတွေဖြစ်တဲ့ 3 စီးရီးနဲ့ X တို့ကို ထုတ်လုပ်ခဲ့ဖူးပေမယ့် Triple-camera စစ်စစ် စမတ်ဖုန်းကိုတော့ မထုတ်လုပ်ဖူးသေးပါဘူး။ ဒါကြောင့် Quad-camera စမတ်ဖုန်းကိုထုတ်လာတာဟာ ကြီးမားတဲ့ အခုန်အရွေ့တစ်ခုပါပဲ။

လက်ရှိမှာတော့ ကင်မရာရဲ့ Configuration အချက်အလက်တွေကို ဘာမှမသိရသေးပါဘူး။ ဒါပေမယ့် Realme ဟာ 64MP အဓိက Sensor ကိုအဖော်ပြုဖို့ Telephoto နဲ့ Ultra-wide-angle Lens တွေကို ထည့်သွင်းလာမယ်လို့တော့ ယုံကြည်ရပါတယ်။ စတုတ္ထမြောက်တစ်ခုကတော့ ထုံးစံအတိုင်း Depth Sensor ယူနစ်တစ်ခုပဲ ဖြစ်မှာပါ။

Realme ကုမ္ပဏီကို 64MP Quad-camera စမတ်ဖုန်းနဲ့ပတ်သက်လို့ မေးမြန်းကြရာမှာတော့ ဖုန်းဟာ လက်ရှိမှာ ပြုလုပ်ဖန်တီးနေဆဲဖြစ်တယ်လို့ ဆိုပေမယ့် စက်တင်ဘာလကုန် သို့မဟုတ် ၂၀၁၉ စတုတ္ထ သုံးလပတ်ကာလအစမှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။

Ref – GSM Arena