Unicode

Realme ဟာ ပြီးခဲ့တဲ့လက X2 Pro နဲ့ 5s တို့ကို အိန္ဒိယနိုင်ငံမှာကြေညာခဲ့ပြီးနောက် ကုမ္ပဏီရဲ့ ပထမဆုံး Wireless စစ်စစ် Earphone တွေကို ဒီဇင်ဘာလအတွင်း မိတ်ဆက်လာမယ်လို့ ပြောခဲ့ဖူးပါတယ်။ ယနေ့မှာတော့ မိတ်ဆက်မယ့်ရက်စွဲ ထွက်ပေါ်လာခဲ့ပြီး ဒီဇင်ဘာ ၁၇ မှာ သူ့ရဲ့ Wireless စစ်စစ် နားကြပ်ကို တွေ့ရတော့မှာပါ။

Realme ဟာ သူတို့ရဲ့ထုတ်ကုန်သစ်ကို မိတ်ဆက်ဖို့ မီဒီယာဖိတ်စာတွေ စတင်ပေးပို့နေပြီဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ အဆိုပါ Wireless Earphone နဲ့အတူ XT 730G စမတ်ဖုန်းကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ XT 730G က ဖုန်းအသစ်စက်စက်တော့မဟုတ်ဘဲ တရုတ်နဲ့ ဥရောပဈေးကွက်တွေမှာ X2 အဖြစ် မိတ်ဆက်ထားတဲ့ ဖုန်းကို အမည်ပြောင်းလဲမိတ်ဆက်လာတာဖြစ်ပါတယ်။

တွစ်တာပေါ်မှာ Realme တင်ထားတဲ့ Earphone Case ကိုကြည့်ရင် အနက်ရောင်ကာလာနဲ့လည်း ထွက်လာမယ် ဆိုတာ သိရပါတယ်။ ဒါပေမယ့် အိန္ဒိယ Realme အကြီးအကဲ Madhav Sheth အပါအဝင် ဝန်ထမ်းတွေ အရင်က တင်ဖူးတဲ့ ပိုစ့်တွေကြောင့် ဒီနားကြပ်အသစ်ဟာ အဝါရောင်၊ အဖြူရောင်တို့နဲ့လည်း ထွက်လာမယ်ဆိုတာ သိထားရပါတယ်။

XT 730G နဲ့ ကြိုးမဲ့နားကြပ်တို့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ Realme 5i စမတ်ဖုန်းသစ်ကိုလည်း တွေ့ရဖို့ အခွင့်အရေးရှိနေပါတယ်။ ဒီဖုန်းအသစ်ဟာ အိန္ဒိယနဲ့ ထိုင်းအပါအဝင် ဈေးကွက်အချို့မှာ အတည်ပြုချက်များ ရယူထားတာ တွေ့ခဲ့ရလို့ပါ။

Ref – GSM Arena

Zawgyi

Realme ဟာ ၿပီးခဲ့တဲ့လက X2 Pro နဲ႔ 5s တုိ႔ကို အိႏၵိယႏုိင္ငံမွာေၾကညာခဲ့ၿပီးေနာက္ ကုမၸဏီရဲ႕ ပထမဆုံး Wireless စစ္စစ္ Earphone ေတြကို ဒီဇင္ဘာလအတြင္း မိတ္ဆက္လာမယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ယေန႔မွာေတာ့ မိတ္ဆက္မယ့္ရက္စြဲ ထြက္ေပၚလာခဲ့ၿပီး ဒီဇင္ဘာ ၁၇ မွာ သူ႕ရဲ႕ Wireless စစ္စစ္ နားၾကပ္ကို ေတြ႕ရေတာ့မွာပါ။

Realme ဟာ သူတုိ႔ရဲ႕ထုတ္ကုန္သစ္ကို မိတ္ဆက္ဖို႔ မီဒီယာဖိတ္စာေတြ စတင္ေပးပို႔ေနၿပီျဖစ္ၿပီး အိႏိၵယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕မွာ အဆုိပါ Wireless Earphone နဲ႔အတူ XT 730G စမတ္ဖုန္းကိုပါ မိတ္ဆက္လာမွာျဖစ္ပါတယ္။ XT 730G က ဖုန္းအသစ္စက္စက္ေတာ့မဟုတ္ဘဲ တရုတ္နဲ႔ ဥေရာပေစ်းကြက္ေတြမွာ X2 အျဖစ္ မိတ္ဆက္ထားတဲ့ ဖုန္းကို အမည္ေျပာင္းလဲမိတ္ဆက္လာတာျဖစ္ပါတယ္။

တြစ္တာေပၚမွာ Realme တင္ထားတဲ့ Earphone Case ကိုၾကည့္ရင္ အနက္ေရာင္ကာလာနဲ႔လည္း ထြက္လာမယ္ ဆုိတာ သိရပါတယ္။ ဒါေပမယ့္ အိႏၵိယ Realme အႀကီးအကဲ Madhav Sheth အပါအဝင္ ဝန္ထမ္းေတြ အရင္က တင္ဖူးတဲ့ ပုိစ့္ေတြေၾကာင့္ ဒီနားၾကပ္အသစ္ဟာ အဝါေရာင္၊ အျဖဴေရာင္တုိ႔နဲ႔လည္း ထြက္လာမယ္ဆုိတာ သိထားရပါတယ္။

XT 730G နဲ႔ ႀကိဳးမဲ့နားၾကပ္တုိ႔အျပင္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ Realme 5i စမတ္ဖုန္းသစ္ကိုလည္း ေတြ႕ရဖုိ႔ အခြင့္အေရးရွိေနပါတယ္။ ဒီဖုန္းအသစ္ဟာ အိႏၵိယနဲ႔ ထုိင္းအပါအဝင္ ေစ်းကြက္အခ်ဳိ႕မွာ အတည္ျပဳခ်က္မ်ား ရယူထားတာ ေတြ႕ခဲ့ရလို႔ပါ။

Ref – GSM Arena