Realme ဟာ Android 10 ကို အခြေခံတဲ့ UI ကို ထုတ်ပေးခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ နောက်ထပ်တစ်ဆင့်ဆီ သွားဖို့ ပြင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ်ရဲ့ အစောပိုင်းရက်တွေတုန်းက ကုမ္ပဏီဟာ Android 11 ကို အခြေခံထားတဲ့ Realme UI 2.0 ကို ပြသခဲ့ပါသေးတယ်။

Realme UI 2.0 Update ဟာ တီထွင်ဖန်တီးမှု၊ တည်ငြိမ်မှုနဲ့ ထုတ်ကုန်ရဲ့ အဆင့်မြင့်မားမှုကို အဓိကအာရုံစိုက်ထားတယ်လို့ သိရပါတယ်။ ဒီ UI သစ်မှာ Customization option သစ်အမြောက်အများ ပါဝင်လာမယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် လုံခြုံရေးပိုင်းဆိုင်ရာလည်း တိုးမြှင့်ထားပြီး၊ Always-On Display Function လည်း ပါဝင်မယ်လို့ သိရပါတယ်။

UI သစ်ဟာ Third-party launcher တွေကို ပိုကောင်းစေအောင်လည်း တိုးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီ UI သစ်ကို စက်တင်ဘာလထဲမှာ Realme X50 Pro ဆီ စတင်ထုတ်လွှတ်ပေးမှာပါ။ ဒီနောက်မှာတော့ ၂၀၂၀ နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေမှာ သတ်မှတ်ထားတဲ့ မော်ဒယ်တွေကို ဆက်ပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအပြင် ဒုတိယသုံးလပတ်အထိပါ Rodamap ဆွဲထားတာကို တွေ့ရပါတယ်။

၂၀၂၀၊ စက်တင်ဘာလ Realme X50 Pro 5G
၂၀၂၀၊ နိုဝင်ဘာလ Realme 7 Pro, Realme Narzo 20
၂၀၂၀၊ ဒီဇင်ဘာလ Realme 6 Pro, Realme 7, Realme Narzo 20 Pro, Realme X2 Pro
၂၀၂၁၊ ဇန်နဝါရီလ Realme X3, Realme X3 SuperZoom, Realme X, Realme 6, Realme C12, Realme C15
၂၀၂၁၊ ဖေဖော်ဝါရီလ Realme 6i, Realme Narzo 10
၂၀၂၁၊ မတ်လ Realme C3, Realme Narzo 10A
၂၀၂၁၊ ဒုတိယသုံးလပတ်အတွင်း Realme X, Realme XT, Realme 3 Pro, Realme 5 Pro, Realme Narzo 20A

Ref: GSM Arena