realme ဟာ Narzo 30 Pro 5G အတွက် Android 12 အခြေခံ realme UI 3.0 ကို Beta program စတင်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ Android 10 အခြေခံ realme UI ကို ပြီးခဲ့တဲ့နှစ်က စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

realme Narzo 30 Pro 5G ကိုင်ဆောင်ထားပြီး UI 3.0 Beta ကို ရယူဖို့ စိတ်ဝင်စားသူတွေအနေနဲ့ Settings > Software Update menu, Trial version > Apply Now ကို တစ်ဆင့်ချင်းစီနှိပ်ပြီး တောင်းခံနိုင်ပါတယ်။ အကယ်၍ လျှောက်လွှာကို လက်ခံတယ်ဆိုရင်တော့ Update ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Beta program တွေရဲ့ ထုံးစံအတိုင်း အကန့်အသတ်နဲ့သာလက်ခံတာဖြစ်တဲ့အတွက် သုံးစွဲသူအနည်းငယ်ပဲ ရရှိနိုင်တယ်ဆိုတာကိုတော့ သတိရနေသင့်ပါတယ်။ နောက်တစ်ချက်က Beta program တွေရဲ့အစဉ်အလာအတိုင်း Bugs တွေ Issue တွေ ရှိနေဦးမှာပါ။ ဒါကြောင့် Stable version ကိုသာ စောင့်ဆိုင်းတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကယ်၍ Beta Update ကို ထည့်သွင်းမယ်ဆိုရင်လည်း ဖုန်းမှာ ဘက်ထရီအားက အနည်းဆုံး ၆၀% ကျန်ရှိနေဖို့လိုအပ်ပြီး သိုလှောင်မှုပမာဏကလည်း 5GB အထိ လွတ်နေဖို့လိုအပ်တယ်လို့ သတိပေးထားပါတယ်။ သူ့ရဲ့ Build number ကတော့ RMX2117_11.C.12 or RMX2117_11.C.13 ပဲ ဖြစ်ပါတယ်။

realme UI 3.0 early access program လျှောက်ထားပြီးသူတွေကတော့ Beta program အတွက် လျှောက်ထားဖို့မလိုအပ်တော့ဘဲ နောက်ပိုင်း Beta တည်ဆောက်မှုကို တိုက်ရိုက်လက်ခံရရှိမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

Ref: GSM Arena