realme ကနေ လက်ရှိအချိန်မှာ OPPO ရဲ့ ColorOS အစား ကိုယ်ပိုင် realme UI ကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ အခုလည်း realme ရဲ့ အောင်မြင်ခဲ့တဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ realme 3 နဲ့ realme 3i ဖုန်းတွေအတွက် realme UI Update ကိုရရှိနေပြီလို့သိရပါတယ်။

အဆိုပါ realme 3 နဲ့ 3i အတွက် realme UI ဟာ Android 10 ကို အခြေခံထားပြီးတော့ ပြောင်းလဲမှုတွေအများအပြားပါဝင်လာပြီဖြစ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေထဲမှာ System-wide Dark Mode ၊ Navigation Gesture အသစ် ၊ Privacy Control Feature တွေအပြင် Smart Sidebar ၊ Camera Performance Performance ကိုပါ အဆင့်မြှင့်တင်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme UI ဖြစ်သွားတဲ့အတွက် ယခင် ColorOS နဲ့ယှဥ်ရင် ပိုပြီး Stock Android နဲ့ဆင်တူသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း System Setting နဲ့ တခြားနေရာအတော်များများမှာတော့ ColorOS နဲ့ဆက်လက်တူညီနေတုန်းပါပဲ။

ဒီ Android 10 ကို အခြေခံထားတဲ့ realme UI Update ကိုရယူချင်တယ်ဆိုရင်တော့ Settings – System Update ကနေ ကြည့်ရှုနိုင်မှာဖြစ်သလို File Size အနေနဲ့လည်း 213MB ဝန်းကျင်ခန့် Download ပြုလုပ်ရမယ်လို့ သိရပါတယ်။

Ref – GSM Arena