အခုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေကနေ Selfie Camera ကို Notch ၊ Pop-up နဲ့ Punch-hole Design တွေမဟုတ်ဘဲ Under-screen အနေနဲ့ အသုံးပြုနိုင်ဖို့ကို အပြိုင်အဆိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာလည်း ZTE ကနေ Axon 20 5G နာမည်နဲ့ ပထမဆုံး Under-screen Selfie Camera ပါဝင်တဲ့စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ကျန်တဲ့စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi နဲ့ OPPO တို့ကလည်း Under-screen Camera နည်းပညာတွေကို အသီးသီးမိတ်ဆက်ထားပြီးပေမယ့် စျေးကွက်အတွင်းကိုတော့ စီးပွားဖြစ် စမတ်ဖုန်းအနေနဲ့ ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။ အခုလည်း realme ကနေ Under-screen Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်သွားဖို့စီစဥ်နေပုံပါပဲ။

ဒါကတော့ realme ရဲ့ Vice President ဖြစ်တဲ့ Xu Qi ကိုယ်တိုင်ပြောကြားခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ မိတ်ဆက်မယ့်အချိန်နဲ့ ပါဝင်လာနိုင်တဲ့ Specification တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

Digital Chat Station ရဲ့ ဖော်ပြချက်အရတော့ Under-screen Selfie Camera ပါဝင်တဲ့ realme ဖုန်းကို လာမယ့်နှစ်မှ မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ High Megapixels Telephoto Sensor တွေနဲ့ 125W Fast Charging နည်းပညာတွေကိုပဲ realme ဖုန်းတွေမှာ အသုံးပြုဖို့ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် Under-screen Selfie Camera နဲ့ စမတ်ဖုန်းကို realme ထက် Xiaomi ကနေ ယခုနှစ်အတွင်းမှာ မိတ်ဆက်သွားဖို့က ပိုပြီးဖြစ်နိုင်ခြေများနေတယ်လို့ ပြောရမှာပါ။

Ref – Gizmo China