realme ဟာ အရင်နှစ်ထုတ် Buds Wireless ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ Buds Wireless Pro ကို ကြေညာလိုက်ပါတယ်။ နားကြပ်အသစ်မှာ Active Noise Cancellation ပါလာပြီး LDAC ကို ထောက်ပံ့တဲ့အတွက် Bluetooth ကနေ 990Kbps အမြန်နှုန်းနဲ့ သီချင်း နားထောင်နိုင်ပါတယ်။ နောက်ထပ် အလန်းစား လုပ်ဆောင်ချက် ၁ ခုက Multi-function ခလုတ်ကို ၂ ချက်နှိပ်လိုက်တာနဲ့ Device ၂ ခုအကြားမှာ မြန်မြန် ပြောင်းလဲနိုင်ပါတယ်။

Bass Boost Drivers တွေကလည်း ၁၃.၆ မီလီမီတာ ဖြစ်လာတဲ့အတွက် ပိုကြီးလာပြီး Gaming Mode မှာ Latency ဟာ 119ms ပဲရှိပါတယ်။ 160mAh ဘက်ထရီက ANC ဖွင့်ထားရင် ၁၆ နာရီနဲ့ ပိတ်ထားရင် ၂၂ နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။ microUSB Port အစား USB-C Port နဲ့ အဆင့်မြှင့်ထားပါတယ်။ အားအပြည့်သွင်းဖို့ ၁ နာရီခွဲကြာပြီး ၅ မိနစ်အားသွင်းရင် ၁.၇ နာရီ သီချင်းနားထောင်နိုင်ပါတယ်။

Buds Wireless Pro ရဲ့ အလေးချိန်က ၃၃ ဂရမ်ပဲရှိပြီး IPX4 ရေစိုခံနှုန်း ပါလာပါတယ်။ Environmental Noise Cancellation နဲ့ Bass Boost+ Mode တွေ ထည့်သွင်းထားပြီး realme Link App ကနေ Bass Boost+ Mode ကို ဖွင့်ရမှာပါ။

Bluetooth 5.0 ထောက်ပံ့ထားပြီး Party Yellow နဲ့ Disco Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ၃,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သောင်းလောက် ကျသင့်မှာပါ။ ဒီလ ၁၆ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena