realme ဟာ Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ realme V15 5G ကို မိတ်ဆက်ဖို့ပြင်ဆင်နေတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ realme V15 5G ဖုန်းဟာ Specification တွေအရတော့ တော်တော်လေးကို သဘောကျဖို့ကောင်းနေပြီး OPPO Reno5 Series နဲ့တောင် ဆင်တူနေတယ်လို့ ပြောလို့ရပါတယ်။ Design ပိုင်းအနေနဲ့ကတော့ Gradient Design ကို အသုံးပြုထားပြီး နောက်ကျောဘက်မှာလည်း Dare To Leap ဆိုတဲ့ စာတန်းကို ရေးသားထားပါတယ်။

Specification တွေအနေနဲ့ကတော့ 6.4″ Full HD+ AMOLED Display ကို အသုံးပြုထားပြီး High Refresh Rate တွေကို Support ပြုလုပ်ခြင်းမရှိပေမယ့် 180Hz Touch Sampling Rate ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ Punch-hole Design ကိုပဲ အသုံးပြုထားသလို Under-Display Fingerprint Sensor လည်းပါဝင်ဦးမှာပါ။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Dimensity 800U Chipset ၊ RAM 6GB သို့မဟုတ် 8GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 64MP Primary + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 4310mAh Battery ပါဝင်မှာဖြစ်ပြီး 50W Fast Charging ကို Support ပြုလုပ်လာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RAM 6GB Version ကို 1,399 Yuan (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ RAM 8B Version ကိုတော့ 1,999 Yuan (မြန်မာငွေ ၄ သိန်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – Gizmo China