realme က တရုတ်မှာ V20 5G ကို ကြေညာလိုက်ပါတယ်။ realme V20 5G မှာ ၆.၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာပါတယ်။ HD+ 720×1600 Pixels Resolution ထောက်ပံ့ထားပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ 0.3MP Secondary ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Realme V20 5G

MediaTek Dimensity 700 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ Android 12 OS အသစ် ပါလာမလား၊ Android 11 OS အဟောင်းပဲ ပါလာမလား ဆိုတာ မသိရသေးပါဘူး။ လက်ဗွေရာ ကိရိယာ မပါလာတာကလည်း အားနည်းချက် ဖြစ်ပါတယ်။

Realme V20 5G official: cheap yes, but it's really nice - GizChina.it

realme V20 5G မှာ 10W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။ နားကြပ်ပေါက် ပါလာပြီး အထူက ၈.၁ မီလီမီတာနဲ့ အလေးချိန်က ၁၈၄ ဂရမ် ရှိပါတယ်။

realme ရဲ့ V Series စမတ်ဖုန်းတွေကို တရုတ်ပြင်ပမှာ ရောင်းလေ့ မရှိပါဘူး။ အဲဒီ ဖုန်းတွေကို နိုင်ငံတကာမှာ C Series ဖုန်းတွေ အဖြစ် ရောင်းချလေ့ရှိပါတယ်။ realme V20 5G ကို ၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Star Blue နဲ့ Ink Cloud Black ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Ref : gizmochina