realme က  7 Series အတွက် 7 , 7 Pro နဲ့ 7i တို့ကို လက်ရှိမှာ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ realme က 7 Series အတွက် ဒါနဲ့တင် မကျေနပ်နိုင်သေးပါဘူး။ realme 7 5G ကို ထိုင်းနိုင်ငံရဲ့ NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် တရားဝင် ကြေညာနိုင်ပါတယ်။

Realme V5 5G may launch globally as Realme 7 5G

ဒါပေမယ့် realme 7 5G ဟာ တကယ့် စမတ်ဖုန်း အသစ် ၁ လုံးတော့ မဟုတ်ပါဘူး။ NBTC မှာ မော်ဒယ်နံပါတ်က RMX2111 ဖြစ်ပြီး ဩဂုတ်လမှာ ကြေညာခဲ့ကာ လက်ရှိ တရုတ်မှာပဲ ရောင်းချပေးထားတဲ့ realme V5 5G နဲ့ ပတ်သက်နေပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင်တော့ realme V5 5G ကို နိုင်ငံတကာမှာ realme 7 5G နာမည်နဲ့ ကြေညာမှာ ဖြစ်ပါတယ်။

Realme V5 5G

ထိုင်းနိုင်ငံရဲ့ NBTC မှာ realme 7 5G ရဲ့ Specs တွေကို မဖော်ပြထားသေးပါဘူး။ အဲဒီ ဖုန်းဟာ realme V5 5G ရဲ့ Specs တွေနဲ့ တူညီမယ်ဆိုရင် Dimensity 720 SoC , 6.5” FullHD+ 90Hz LCD မျက်နှာပြင် နဲ့ 30W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

realme 7 5G မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ realme က 7 5G နဲ့ ပတ်သက်ပြီး သတင်းအစအနတောင် မပေးသေးပါဘူး။ ဒါပေမယ့် ၁ လအတွင်း ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena