realme V5 ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ပထမဆုံး V Series ဖုန်း ဖြစ်လာသလို ဈေးအချိုဆုံး 5G ဖုန်းလည်း ဖြစ်လာပါတယ်။ MediaTek 7nm Dimensity 720 Chip မောင်းနှင်ထားပြီး microSD Card Slot ပါပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

၆.၅ လက်မ LCD FullHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 30W Fast Charging , USB-C Port ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၆၅ မိနစ်မှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

5G က SA/ NSA ကွန်ရက် ၂ ခုစလုံးကို ထောက်ပံ့ပြီး ဘက်ထရီ စားတာ သက်သာစေဖို့ 5G နဲ့ LTE ကို ပြောင်းပေးတဲ့ realme Smart 5G လုပ်ဆောင်ချက် ထည့်ထားပါတယ်။ Dolby Atmos ရဲ့ အသံနည်းပညာ ပါလာပြီး Hi-Res Audio ထုတ်လုပ်ပေးနိုင်ပါတယ်။ realme က V Series ဟာ လူကြိုက်များမယ့် ဒီဇိုင်း ဖြစ်တယ်လို့ ပြောပါတယ်။ အရောင် ၃  မျိုးထုတ်လုပ်ထားပြီး ငွေရောင်မှာ Honor 30 Series လို ဘေးဘက်မှာ အရွယ်ကြီး realme Logo ရေးထွင်းထားပါတယ်။ ကျန် ၂ ရောင်က အပြာနဲ့ အစိမ်းရောင် ဖြစ်ပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

6/128GB ကို ၁၄၉၉ ယွမ်နဲ့ 8/128GB ကို ၁၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၉ သောင်းနဲ့ ၃ သိန်း ၇ သောင်း အသီးသီး ကျသင့်မှာပါ။ realme ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၇ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena