ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ဇူလိုင်လ ၂၇ ရက်နေ့မှာ Realme V5 ကို ကြေညာမယ်လို့ Realme က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အခုထိဘာမှမထူးခြားသေးဘဲ တိတ်ဆိတ်နေတဲ့အတွက် ရှာဖွေကြည့်လိုက်တော့ သြဂုတ်လ ၃ ရက်နေ့မှ မိတ်ဆက်မယ်လို့ ယူဆရတဲ့ အချက်အလက်အချို့ကို တွေ့ရှိရပါတယ်။

Tmall မှာတွေ့မြင်လာရတာကတော့ Realme V5 ရဲ့ အဓိအချက်အလက်တွေနဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ဝယ်ယူရရှိနိုင်မယ်ဆိုတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဟန်းဆက်နဲ့ပတ်သက်တဲ့ အဓိကအစိတ်အပိုင်းတွေကိုလည်း သိရှိလိုက်ရပါတယ်။ Realme V5 ဟာ 2GHz clock ရှိတဲ့ octa-core CPU နဲ့ Dimensity 720 chipset ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

Tmall မှာ တင်ထားတာကတော့ 6GB+128GB အမျိုးအစားနဲ့ 8GB+128GB အမျိုးအစားဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အရောင်ကိုတော့ Silver Winged Body, Breaking Light နဲ့ Blue ဆိုပြီး သုံးမျိုးတွေ့မြင်ရပါတယ်။ ဈေးနှုန်းကတော့ ဘယ်လောက်ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။ လက်ရှိဖော်ပြထားတဲ့ ၉၉၉၉ယွမ်ဟာ ခေတ္တအစားထည့်သွင်းပေးထားတဲ့ ဈေးနှုန်းသာ ဖြစ်ပါတယ်။

Realme V5 ဟာ အားလုံးသိပြီးတဲ့အတိုင်းပဲ ကျောဘက်မှာ “L” ပုံစံ ကင်မရာဖွဲ့စည်းမှုနဲ့အတူ 48MP အဓိကကင်မရာ၊ 8MP ကင်မရာနှစ်လုံးနဲ့၊ 2MP ကင်မရာတစ်လုံးပါဝင်ပါလိမ့်မယ်။ အရှေ့ဘက်မျက်နှာပြင်က Punch-hole ထဲမှာတော့ 16MP Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

6.5-inch အရွယ်အစားမျက်နှာပြင်ဟာ FullHD+ LCD အမျိုးအစားဖြစ်ပြီး 5,000mAh ပမာဏ ဘက်ထရီလည်း တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ 30W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပြီး 5G ကွန်ရက်ကိုလည်း ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။

Ref: GSM Arena