realme Watch စမတ်နာရီကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။ realme ရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်နဲ့ Flipkart ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သောင်း ၃ ထောင်လောက် ရှိပြီး အနက်ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ Classic Strap တပ်ဆင်ထားပါတယ်။ Fashion Straps အတွက် အနီ၊ အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး ၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉ ထောင်လောက်ရှိပြီး မကြာခင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

realme Watch ဟာ realme ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပြီး ၁.၄ လက်မ 320×320 Touchscreen ထည့်သွင်းထားပါတယ်။ ၁ လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၂၃ ရှိပြီး အမြင့်ဆုံး Brightness အနေနဲ့ 380 nits အထိ ထောက်ပံ့ထားပါတယ်။

စမတ်နာရီမှာ Watch Faces ၁၂ ခု ထည့်သွင်းထားပြီး အချိန်ပြည့် နှလံးခုန်နှုန်း တိုင်းတာတာ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာတာတွေ ပါပါတယ်။ အားကစားနည်း ၁၄ မျိုးကို တွက်ချက်ပေးနိုင်ပါတယ်။ စမတ်နာရီကို စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Phone Call နဲ့ App Notifications တွေကို စမတ်နာရီကနေ ပြသပေးပါတယ်။

IP68 စံနှုန်းပါလာပြီး ရေစိုခံသလို ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး Music Control နဲ့ Camera Control တွေ ပါပါတယ်။ 160mAh ဘက်ထရီ ထည့်ထားပြီး နှလုံးခုန်နှုန်းကို အချိန်ပြည့်တိုင်းတာရင် ၇ရက်အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နှလုံးခုန်နှုန်း မတိုင်းတာရင် ၉ ရက်လောက် အသုံးခံပါတယ်။

Ref : gsmarena