Realme ဟာ သူတို့ရဲ့ Wearable ထုတ်ကုန်သစ်ဖြစ်တဲ့ Watch S Pro နဲ့ပတ်သက်ပြီး Teaser တွေကို မကြာခဏဆိုသလို ထုတ်လွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ Watch S ကို မိတ်ဆက်ခဲ့ပေမယ့် အခုလမှာတော့ Watch S Pro ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

သိပ်မကြာခင်တုန်းက Watch S Pro ရဲ့ ပကတိပြင်ပဓါတ်ပုံတစ်ခုကို တွေ့ခဲ့ရပြီးတဲ့နောက် ဒီ Wearable ကို တရားဝင်မြင်တွေ့ရဖို့ သိပ်မကြာတော့ဘူးလို့ နားလည်ခဲ့ကြပါတယ်။ အခုတော့ ကုမ္ပဏီက လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

Realme ကထုတ်ထားတဲ့ ပိုစတာအရ Watch S Pro ဟာ 1.39-inch AMOLED touch screen နဲ့ ထွက်လာမှာ ဖြစ်ကြောင်းကို သိရပါတယ်။ ဒါ့အပြင် ခေတ်နဲ့လျော်ညီတဲ့ Features တွေလည်း အမြောက်အများပါဝင်လာဦးမယ်လို့ ဆိုပါတယ်။ ဒီ Watch S Pro ကို သံမဏိကိုယ်ထည်နဲ့ တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် Realme ဟာ သူ့ရဲ့ ထုတ်ကုန်မှာ Always-On Display Feature ကိုလည်း ထည့်သွင်းပေးနိုင်ပြီဖြစ်ပါတယ်။ Watch S Pro ရဲ့ ဘက်ထရီပမာဏက ဘယ်လောက်လဲဆိုတာမသိရသေးပေမယ့်၊ ၂ နာရီအတွင်း အားအပြည့်သွင်းနိုင်သလို၊ တစ်ကြိမ်အားသွင်းထားရုံနဲ့ ၁၄ ရက်ကြာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

အားကစားနည်း ၁၅ မျိုး၊ ပြင်ပလှုပ်ရှားမှု (အပြေး၊ တောင်တက်၊ စက်ဘီးစီး) စတာတွေနဲ့အတူ၊ Dual-satellite GPS ကြောင့် ကောင်းမွန်တဲ့အကျိုးကျေးဇူးကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Wearable သစ်မှာ Heart rate နဲ့ SpO2 Feature တွေ ပါဝင်လာမှာဖြစ်သလို၊ 5ATM ရေစိုခံမှုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: GSM Arena