realme က စမတ်ဖုန်းတွေ အပြင် Liftstyle ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချလာပါတယ်။ အခုလည်း ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာလိုက်ပါတယ်။ realme Watch လို့ နာမည်ပေးထားပြီး ဒီဇိုင်းဟာ OPPO Watch နဲ့ အရမ်းကို ဆင်တူပါတယ်။ Apple Watch ကို တုပ ဖန်တီးထားတယ်လို့လည်း ပြောနိုင်ပါတယ်။

၁.၄ လက်မ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး 2.5D Curved Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ 320x320p Resolution ရှိပြီး 323ppi ဖြစ်ပါတယ်။ 380 Nits Brightness ထောက်ပံ့ထားပြီး Watch Face ၁၂ ခု ပါပါတယ်။ နောက်ပိုင်းမှာ OTA Update ကနေ Watch Face ၁၀၀ ကျော် ထည့်သွင်းပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

24/7 Health Assistant မှာ အချိန်ပြည့် နှလုံးခုန်နှုန်း တိုင်းတာ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တွက်ချက်တာနဲ့ Sports Mode ၁၄ ခု ပါပါတယ်။ Sports Mode မှာ Football, Basketball, Table Tennis, Bike, Spinning, Elliptical, Yoga, Cricket, Running, Walking, Treadmill, Badminton, Aerobic Capacity, နဲ့  Fitness ကို ထောက်ပံ့ထားပါတယ်။

Step Tracker, Idle Alert, Meditation, Water Drinking Reminder နဲ့ Sleep Monitor တွေ ထည့်သွင်းထားပါတယ်။  realme Link App ကနေ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းနဲ့ Message ဝင်လာရင် နာရီကနေ သိနိုင်ပါတယ်။ နာရီကနေ သီချင်းတွေကို ထိန်းချုပ်တာ၊ ဖုန်းကို Unlock လုပ်တာနဲ့ စမတ်ဖုန်း ကင်မရာ Function တွေကို ထိန်းချုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ IP68 စံနှုန်း ရှိတဲ့အတွက် ရေနဲ့ ဖုန် ဒဏ်ကို ခံနိုင်ပါတယ်။ လက်ပတ်ကြိုးအတွက် အနက်၊ အနီ၊ အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး စမတ်နာရီကို ၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သောင်း ၄ ထောင်လောက်ရှိပြီး realme.com နဲ့ Flipkart  ကနေ ဝယ်ယူနိုင်ပါတယ်။

Ref : gizmochina