တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Vivo ကနေ 120W Fast Charging စနစ်ကို မိတ်ဆက်ပြီးဖြစ်သလို OPPO ကနေလည်း 125W Fast Charging စနစ်ကို မကြာခင်မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ realme ကနေလည်း 120W အထက် Fast Charging စနစ်ကို ယခုလအတွင်းမိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပြီး အခုအချိန်မှာတော့ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောကြားလိုက်ပါပြီ။

realme ကနေ အဆိုပါသတင်းကို Weibo စာမျက်နှာမှာတင်ထားခဲ့တာဖြစ်ပြီး “Super Flash Charge” နည်းပညာနဲ့ စမတ်ဖုန်းအသစ်ကို လာမယ့်ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကုမ္ပဏီရဲ့ CMO ဖြစ်တဲ့ Xu Qi Chase ကနေလည်း Personal Profile မှာ “125” လို့ အဓိပ္ပါယ်ရတဲ့ Binary Text “1111101” ကို တင်ထားခဲ့ပါသေးတယ်။

ဖြစ်နိုင်တာကတော့ realme ကနေ မိတ်ဆက်သွားမယ့် 125W Fast Charging Feature ဟာ OPPO ရဲ့ 125W Flash Charge နည်းပညာကိုပဲ နာမည်ပြောင်းလဲထားဖို့များနေပါတယ်။ ဒါပေမယ့် realme ဟာ OPPO ရဲ့ Super VOOC လိုမျိုး Branding နာမည်တွေအစား ကိုယ်ပိုင် Ultra Dart Flash Charge ဆိုပြီး နာမည်ပေးလာမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရတော့ realme ရဲ့ 125W Fast Charging နည်းပညာဟာ 4000mAh ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို 0-100% အားပြည့်ဖို့ ၁၀ မိနစ်အတွင်းအားသွင်းပေးနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး တရုတ်ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာတာက Customer တွေအတွက်တော့ ကောင်းမွန်တဲ့တိုးတက်မှုတွေရရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena