[Zawgyi]

Realme က  Notch မပါတဲ့ သူ႔ရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္တဲ့ Realme X ကို ေမလက ေရာင္းခ်ခဲ့ပါတယ္။ 4GB , 6GB နဲ႔ 8GB RAM ေတြ ထုတ္လုပ္ထားပါတယ္။ 8GB RAM Model မွာ 128GB Storage ပါပါတယ္။ အခုေတာ့ကုမၸဏီက တရုတ္မွာ Realme X ရဲ႕ 8/256GB Model ကို ၾသဂုတ္လ ၁၈ ရက္မွာ ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီ  Model ကို ၀ယ္ယူဖို႔ စာရင္းေပးထားႏုိင္ပါၿပီ။

အဲဒီ Model ကို Realme ရဲ႕ တရား၀င္ အြန္လိုင္း စတိုး၊ Jingdong Mall , Tmall နဲ႔ Suning တို႔မွာ ႀကိဳတင္မွာယူႏုိင္ပါၿပီ။ ယြမ္ ၂,၀၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၄၀,၀၀၀ ေလာက္ရွိႏုိင္ပါတယ္။ 8/128GB Model ကို ယြမ္ ၁,၇၉၉ နဲ႔ ေရာင္းေပးထားၿပီး ျမန္မာေငြ ၃၈၀,၀၀၀ ေလာက္ ရွိပါတယ္။ လက္ရွိမွာ အဲဒီ ေမာ္ဒယ္ကို တရုတ္မွာ ယြမ္ ၁,၅၉၉ နဲ႔ ေစ်းေလွ်ာ့ေရာင္းေပးေနၿပီး ျမန္မာေငြ ၃၄၀,၀၀၀ ေလာက္သာ က်သင့္မွာပါ။ 8/256GB Model ကို စာရင္းေပးသြင္းထားသူေတြအတြက္လည္း ယြမ္ ၁၀၀ ေစ်းေလွ်ာ့ေရာင္းေပးေနပါတယ္။

Realme X မွာ ၆.၅၃ လက္မ AMOLED Display ထည့္သြင္းထားပါတယ္။ Snapdragon 710 Octa-Core Processor ေမာင္းႏွင္ထားပါတယ္။ အေနာက္ကင္မရာ ၂ လံုးပါၿပီး 48MP f/1.7 Sony IMX586+5MP Depth Sensor ျဖစ္ၿပီး အေရွ႕ကင္မရာက 16MP f/2.0 Sony IMX471 Sensor ျဖစ္ပါတယ္။ ဘက္ထရီ 3765 mAh ပါ၀င္ကာ VOOC 3.0 ျဖင့္ Fast Charging လုပ္ႏုိင္ပါမယ္။ Android Pie အေျခခံ ColorOS 6 သံုးထားပါတယ္။

Ref : playfuldroid

[Unicode]

Realme X ရဲ့ 8/256GB Model ကို သြဂုတ်လ ၁၈ ရက်မှာ ရောင်းမည်

Realme က Notch မပါတဲ့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Realme X ကို မေလက ရောင်းချခဲ့ပါတယ်။ 4GB , 6GB နဲ့ 8GB RAM တွေ ထုတ်လုပ်ထားပါတယ်။ 8GB RAM Model မှာ 128GB Storage ပါပါတယ်။ အခုတော့ကုမ္ပဏီက တရုတ်မှာ Realme X ရဲ့ 8/256GB Model ကို သြဂုတ်လ ၁၈ ရက်မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ Model ကို ဝယ်ယူဖို့ စာရင်းပေးထားနိုင်ပါပြီ။

အဲဒီ Model ကို Realme ရဲ့ တရားဝင် အွန်လိုင်း စတိုး၊ Jingdong Mall , Tmall နဲ့ Suning တို့မှာ ကြိုတင်မှာယူနိုင်ပါပြီ။ ယွမ် ၂,၀၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၄၄၀,၀၀၀ လောက်ရှိနိုင်ပါတယ်။ 8/128GB Model ကို ယွမ် ၁,၇၉၉ နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၃၈၀,၀၀၀ လောက် ရှိပါတယ်။ လက်ရှိမှာ အဲဒီ မော်ဒယ်ကို တရုတ်မှာ ယွမ် ၁,၅၉၉ နဲ့ ဈေးလျှော့ရောင်းပေးနေပြီး မြန်မာငွေ ၃၄၀,၀၀၀ လောက်သာ ကျသင့်မှာပါ။ 8/256GB Model ကို စာရင်းပေးသွင်းထားသူတွေအတွက်လည်း ယွမ် ၁၀၀ ဈေးလျှော့ရောင်းပေးနေပါတယ်။

Realme X မှာ ၆.၅၃ လက်မ AMOLED Display ထည့်သွင်းထားပါတယ်။ Snapdragon 710 Octa-Core Processor မောင်းနှင်ထားပါတယ်။ အနောက်ကင်မရာ ၂ လုံးပါပြီး 48MP f/1.7 Sony IMX586+5MP Depth Sensor ဖြစ်ပြီး အရှေ့ကင်မရာက 16MP f/2.0 Sony IMX471 Sensor ဖြစ်ပါတယ်။ ဘက်ထရီ 3765 mAh ပါဝင်ကာ VOOC 3.0 ဖြင့် Fast Charging လုပ်နိုင်ပါမယ်။ Android Pie အခြေခံ ColorOS 6 သုံးထားပါတယ်။

Ref : playfuldroid