Zawgyi

လာမယ့္ဗုဒၶဟူးေန႔မွာေတာ့ Realme ရဲ႕ တရုတ္ေစ်းကြက္ပြဲဦးထြက္ထုတ္ကုန္အျဖစ္ Realme X ဟန္းဆက္ကို ထုတ္လာေတာ့မွာပါ။ အခုတေလာထြက္ေပၚလာတဲ့ Leak ေတြေၾကာင့္ ဒီဖုန္းရဲ႕ ဒီဇုိင္းေတြကိုသာမက ထုတ္ပုိးပုံကိုပါ ေတြ႕ျမင္ခဲ့ရေပမယ့္ Realme ကုမၸဏီက ဖုန္းရဲ႕ပုံရိပ္ေတြကို သူတုိ႔ Weibo အေကာင့္ကေန ပထမဆုံးအႀကိမ္ တရားဝင္ထုတ္လႊင့္လိုက္ပါတယ္။

ဖုန္းအသစ္ဟာ အျဖဴေရာင္နဲ႔ အျပာ / ခရမ္း ဆုိၿပီး ကာလာႏွစ္မ်ဳိး ထြက္လာမယ့္ပုံပါ။ ေရွ႕ဘက္မွာ 6.5” လက္မအရြယ္ FHD+ AMOLED Display ကို အလြန္ပါးလႊာတဲ့ Bezel ေဘာင္၊ In-display ထည့္လာတဲ့ Fingerprint တုိ႔နဲ႔အတူ ေတြ႕ရပါတယ္။

ေရွ႕ဘက္မွာ Pop-up ကင္မရာစနစ္ကို အသုံးျပဳထားၿပီး အတြင္းမွာ 16MP ဆယ္ဖီကင္မရာ ပါဝင္တယ္။ ေနာက္ဘက္မွာေတာ့ Dual-camera စတုိင္လ္အသုံးျပဳလာၿပီး 48MP နဲ႔ 5MP Depth Sensor တုိ႔ကို LED Flash နဲ႔အတူ ေတြ႕ရပါတယ္။ Realme အမွတ္တံဆိပ္ကိုလည္း ေနာက္ေက်ာေအာက္ဘက္အလည္တည့္တည့္မွာ ေတြ႕ရမွာပါ။

Realme X ဖုန္းရဲ႕အတြင္းမွာ Snapdragon 710 ခ်စ္ပ္ဆက္ကို 6GB RAM မန္မုိရီနဲ႔ တြဲဖက္ထားကာ 128GB Storage အေျခခံပါဝင္တယ္။ ဘကၳရီက 3,680 mAh ကိုမွ VOOC 3.0 အားအျမန္သြင္းစနစ္နဲ႔ပါ။ Realme X ဖုန္းကို လာမယ့္ေမလ ၁၅ ရက္ေန႔ ေဘက်င္းၿမိဳ႕မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ Realme ရဲ့ တရုတ်ဈေးကွက်ပွဲဦးထွက်ထုတ်ကုန်အဖြစ် Realme X ဟန်းဆက်ကို ထုတ်လာတော့မှာပါ။ အခုတလောထွက်ပေါ်လာတဲ့ Leak တွေကြောင့် ဒီဖုန်းရဲ့ ဒီဇိုင်းတွေကိုသာမက ထုတ်ပိုးပုံကိုပါ တွေ့မြင်ခဲ့ရပေမယ့် Realme ကုမ္ပဏီက ဖုန်းရဲ့ပုံရိပ်တွေကို သူတို့ Weibo အကောင့်ကနေ ပထမဆုံးအကြိမ် တရားဝင်ထုတ်လွှင့်လိုက်ပါတယ်။

ဖုန်းအသစ်ဟာ အဖြူရောင်နဲ့ အပြာ / ခရမ်း ဆိုပြီး ကာလာနှစ်မျိုး ထွက်လာမယ့်ပုံပါ။ ရှေ့ဘက်မှာ 6.5” လက်မအရွယ် FHD+ AMOLED Display ကို အလွန်ပါးလွှာတဲ့ Bezel ဘောင်၊ In-display ထည့်လာတဲ့ Fingerprint တို့နဲ့အတူ တွေ့ရပါတယ်။

ရှေ့ဘက်မှာ Pop-up ကင်မရာစနစ်ကို အသုံးပြုထားပြီး အတွင်းမှာ 16MP ဆယ်ဖီကင်မရာ ပါဝင်တယ်။ နောက်ဘက်မှာတော့ Dual-camera စတိုင်လ်အသုံးပြုလာပြီး 48MP နဲ့ 5MP Depth Sensor တို့ကို LED Flash နဲ့အတူ တွေ့ရပါတယ်။ Realme အမှတ်တံဆိပ်ကိုလည်း နောက်ကျောအောက်ဘက်အလည်တည့်တည့်မှာ တွေ့ရမှာပါ။

Realme X ဖုန်းရဲ့အတွင်းမှာ Snapdragon 710 ချစ်ပ်ဆက်ကို 6GB RAM မန်မိုရီနဲ့ တွဲဖက်ထားကာ 128GB Storage အခြေခံပါဝင်တယ်။ ဘက္ထရီက 3,680 mAh ကိုမှ VOOC 3.0 အားအမြန်သွင်းစနစ်နဲ့ပါ။ Realme X ဖုန်းကို လာမယ့်မေလ ၁၅ ရက်နေ့ ဘေကျင်းမြို့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena