[Zawgyi]






Ref: GSMArena

[Unicode]

မေလ ၁၅ ရက်နေ့၊ ဘေဂျင်းမှာ မိတ်ဆက်ပေးတော့မယ့် Realme X

Realme ဟာ လာမယ့် မေလ ၁၅ ရက်နေ့မှာ Realme X ကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံတွင်းဈေးကွက်ကို ထိုးဖောက်မယ့် အစီအစဉ်မှာ Realme X အပြင် Realme X Youth Edition လည်း ပါဝင်မယ်လို့ သိရပါတယ်။

OPPO ရဲ့ အမှတ်တံဆိပ်ခွဲဟာ သူတို့ရဲ့ တရားဝင်မိတ်ဆက်မယ့် အစီအစဉ်ကို Weibo မှာကြေညာခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ အွန်လိုင်း အရောင်းဆိုင်ကြီးတွေ ဖြစ်ကြတဲ့ JD.com, Tmall အစရှိတဲ့ ဆိုင်တွေမှာလည်း ဒီဖုန်းတွေကို ဝယ်ယူနိုင်မယ့်အကြောင်း သတင်းတွေ ဖော်ပြလာခဲ့ပါတော့တယ်။

တရားဝင်မိတ်ဆက်မှာကတော့ ဘေဂျင်းမှာဖြစ်ပြီး Cyberpunk art တွေနဲ့ စတင်ကြေညာနေတာလည်း ဖြစ်ပါတယ်။ ဘေလ်ဘုတ်တွေအားလုံးမှာတော့ Realme X လို့ပဲ ဖော်ပြထားကြတာဖြစ်ပြီး အခြားအကြောင်းအရာတွေကိုတော့ လျှို့ဝှက်ထားတုန်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကို စုစည်းလိုက်ရင် Realme X ဟာ မျက်နှာပြင်ပြည့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Pop-up ကင်မရာနဲ့ ဖြစ်တယ်လို့ ဆိုရမှာပါ။ TENAA မှာပေါ်ထွက်လာတဲ့ ပုံအရဆိုရင် ဒီဖုန်းဟာ ကျောဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

အကယ်၍သာ ကောလာဟလတွေမှန်ခဲ့မယ်ဆိုရင် Realme X ဟာ Mid-Range ဖုန်းတစ်လုံးဖြစ်ပြီး Snapdragon 730 နဲ့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ Realme X Youth Edition ကတော့ Snapdragon 710 နဲ့ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက 6.3-inch Full-HD ဖြစ်ပြီး Waterdrop notch နဲ့ ဖြစ်လာနိုင်ပါတယ်။ အချို့သတင်းတွေမှာတော့ Realme X Pro အမည်နဲ့ ထွက်လာမယ်လို့ ဖော်ပြထားကြပြီး Snapdragon 855 SoC သုံးမယ်လို့လည်း ဖော်ပြထားကြပါတယ်။

Ref: GSMArena