Zawgyi

Realme ကုမၸဏီဟာ တရုတ္ေစ်းကြက္ထဲကို အေျခခ်ဖို႔ ႀကိဳးစားလာၿပီး ပြဲဦးထြက္ ထုတ္ကုန္မိတ္ဆက္ပြဲ အေနနဲ႔ လာမယ့္ေမလ ၁၅ ရက္ေန႔မွာ Realme X ဖုန္းအသစ္ကို ပြဲထုတ္လာမွာျဖစ္ပါတယ္။ မိတ္ဆက္ဖို႔ တစ္ပတ္ေလာက္လိုေသးတဲ့ အခ်ိန္မွာေတာ့ Realme ကုမၸဏီရဲ႕ CMO ျဖစ္တဲ့ Xu Qi Chase မွ ဖုန္းအသစ္ရဲ႕ ဓါတ္ပုံကို သူ႕ရဲ႕ဆုိရွယ္အေကာင့္မွာ တင္ျပလိုက္ပါတယ္။

Chase တင္ထားတဲ့ ဓါတ္ပုံထဲမွာ ဖုန္းရဲ႕ Notch လုံးဝမပါတဲ့ Display ကိုျမင္ရၿပီး ပတ္လည္ Bezel ေတြကလည္း ပါးလႊာတာကို ျမင္ရမွာပါ။ အခုဓါတ္ပုံထဲမွာျမင္ရတဲ့ Notchless Screen ဟာ သတင္းထြက္ေနတဲ့ Realme X ရဲ႕ Pop-up Selfie ကင္မရာကို အတည္ျပဳေပးလိုက္တာပါပဲ။ ဒါဟာ Realme ကုမၸဏီအတြက္လဲ ပထမဆုံး Pop-up Selfie ဖုန္းျဖစ္ပါတယ္။

ဒီပုံထဲမွာ Realme X ရဲ႕ေနာက္ေက်ာဘက္ကိုေတာ့ မျပသခဲ့ပါဘူး။ ဒါေပမယ့္ TENAA ဝက္ဆုိက္ရဲ႕ စာရင္းေတြအရေတာ့ သူ႕ရဲ႕ေနာက္ဘက္ဟာ ဘယ္လိုပုံစံလဲဆုိတာ သိခြင့္ရခဲ့သလို အလယ္တည့္တည့္မွာ ေဒါင္လုိက္ထည့္ထားတဲ့ ေနာက္ကင္မရာကိုလည္း ျမင္ေတြ႕ခဲ့ရတယ္။

Realme ကုမၸဏီဟာ တရုတ္ဆုိရွယ္နက္ဝပ္ျဖစ္တဲ့ Weibo မွာလည္း Realme X မွာ AMOLED Display အသုံးျပဳလာမယ္ဆုိတာကို အတည္ျပဳေပးတဲ့ ပုိစတာတစ္ခု တင္ထားခဲ့ပါတယ္။ ဒီစမတ္ဖုန္းဟာ Screen-to-body အခ်ဳိး 91.2% ထိရွိမွာျဖစ္ၿပီး Pop-up Selfie ကင္မရာကလည္း အႀကိမ္ေရႏွစ္သိန္းထိ အသြင္းအထုတ္ျပဳလုပ္ သုံးစြဲႏုိင္ေၾကာင္း စမ္းသပ္ထားၿပီးျဖစ္ပါတယ္။

လာမယ့္ ေမလ ၁၅ ရက္ေန႔ဆုိရင္ ဒီဖုန္းကို တရားဝင္ျမင္ရေတာ့မွာျဖစ္တာေၾကာင့္ တစ္ပတ္ပဲ ေစာင့္ဆုိင္းရေတာ့မွာ ျဖစ္ေသာ္လည္း လာမယ့္ရက္ေတြမွာ Realme X နဲ႔ပတ္သက္တဲ့ သတင္းေတြ၊ ဓါတ္ပုံေတြကို ထပ္ေတြ႕ရဦးမွာ မလြဲပါဘူး။

Ref – GSM Arena

Unicode

Realme ကုမ္ပဏီဟာ တရုတ်ဈေးကွက်ထဲကို အခြေချဖို့ ကြိုးစားလာပြီး ပွဲဦးထွက် ထုတ်ကုန်မိတ်ဆက်ပွဲ အနေနဲ့ လာမယ့်မေလ ၁၅ ရက်နေ့မှာ Realme X ဖုန်းအသစ်ကို ပွဲထုတ်လာမှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့ တစ်ပတ်လောက်လိုသေးတဲ့ အချိန်မှာတော့ Realme ကုမ္ပဏီရဲ့ CMO ဖြစ်တဲ့ Xu Qi Chase မှ ဖုန်းအသစ်ရဲ့ ဓါတ်ပုံကို သူ့ရဲ့ဆိုရှယ်အကောင့်မှာ တင်ပြလိုက်ပါတယ်။

Chase တင်ထားတဲ့ ဓါတ်ပုံထဲမှာ ဖုန်းရဲ့ Notch လုံးဝမပါတဲ့ Display ကိုမြင်ရပြီး ပတ်လည် Bezel တွေကလည်း ပါးလွှာတာကို မြင်ရမှာပါ။ အခုဓါတ်ပုံထဲမှာမြင်ရတဲ့ Notchless Screen ဟာ သတင်းထွက်နေတဲ့ Realme X ရဲ့ Pop-up Selfie ကင်မရာကို အတည်ပြုပေးလိုက်တာပါပဲ။ ဒါဟာ Realme ကုမ္ပဏီအတွက်လဲ ပထမဆုံး Pop-up Selfie ဖုန်းဖြစ်ပါတယ်။

ဒီပုံထဲမှာ Realme X ရဲ့နောက်ကျောဘက်ကိုတော့ မပြသခဲ့ပါဘူး။ ဒါပေမယ့် TENAA ဝက်ဆိုက်ရဲ့ စာရင်းတွေအရတော့ သူ့ရဲ့နောက်ဘက်ဟာ ဘယ်လိုပုံစံလဲဆိုတာ သိခွင့်ရခဲ့သလို အလယ်တည့်တည့်မှာ ဒေါင်လိုက်ထည့်ထားတဲ့ နောက်ကင်မရာကိုလည်း မြင်တွေ့ခဲ့ရတယ်။

Realme ကုမ္ပဏီဟာ တရုတ်ဆိုရှယ်နက်ဝပ်ဖြစ်တဲ့ Weibo မှာလည်း Realme X မှာ AMOLED Display အသုံးပြုလာမယ်ဆိုတာကို အတည်ပြုပေးတဲ့ ပိုစတာတစ်ခု တင်ထားခဲ့ပါတယ်။ ဒီစမတ်ဖုန်းဟာ Screen-to-body အချိုး 91.2% ထိရှိမှာဖြစ်ပြီး Pop-up Selfie ကင်မရာကလည်း အကြိမ်ရေနှစ်သိန်းထိ အသွင်းအထုတ်ပြုလုပ် သုံးစွဲနိုင်ကြောင်း စမ်းသပ်ထားပြီးဖြစ်ပါတယ်။

လာမယ့် မေလ ၁၅ ရက်နေ့ဆိုရင် ဒီဖုန်းကို တရားဝင်မြင်ရတော့မှာဖြစ်တာကြောင့် တစ်ပတ်ပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်သော်လည်း လာမယ့်ရက်တွေမှာ Realme X နဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ထပ်တွေ့ရဦးမှာ မလွဲပါဘူး။

Ref – GSM Arena