[Zawgyi]

Realme XT ကို ၿပီးခဲ့တဲ့ ၁ ပတ္ေလာက္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ Realme X2 ကို ကုမၸဏီက မိတ္ဆက္လိုက္ပါတယ္။ Realme X2 ဟာ XT ကို အေျခခံၿပီး ထုတ္လုပ္ထားတာ ျဖစ္ေပမယ့္ Snapdragon 730G  SoC, 32MP Selfie Camera နဲ႔ 30W VOOC Flash Charge 4.0 ေတြ ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ NFC Chip လည္း ပါလာပါတယ္။

XT မွာ မပါတဲ့ 8MP Ultrawide Angle Camera နဲ႔ ဗီဒီယို ရိုက္ကူးျခင္း ၊ Real-time Video Bokeh တို႔လို ကင္မရာ လုပ္ေဆာင္ခ်က္ေတြ X2 မွာ ပါလာပါတယ္။ X2 မွာ XT မွာလို ၆.၄ လက္မ FHD+ Super AMOLED Display နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ ColorOS 6 နဲ႔ 4,000mAh Battery ေတြ ပါပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္ထားၿပီး 64MP+8MP+2MP+2MP ေတြ ျဖစ္ပါတယ္။

ပုလဲျဖဴနဲ႔ ပုလဲျပာ အေရာင္ေတြ ထုတ္လုပ္ထားၿပီး တရုတ္မွာ ေမာ္ဒယ္ ၂ မ်ိဳး ေရာင္းခ်မွာပါ။ 6/64GB ကို ယြမ္ ၁,၅၉၉ နဲ႔ 8/128GB ကို ယြမ္ ၁,၈၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၃၄၀,၀၀၀ နဲ႔ ၄၀၀,၀၀၀ ေလာက္ရွိပါတယ္။ Realme က သူ႔ရဲ႕ တရား၀င္ စတိုးမွာ စက္တင္ဘာလ ၂၆ ရက္မတိုင္ခင္ ႀကိဳတင္မွာယူသူေတြအား ယြမ္ ၁၀၀ ေစ်းေလွ်ာ့ေရာင္းေပးမွာ ျဖစ္ၿပီး ျမန္မာေငြ ၂၀,၀၀၀ ေလာက္ သက္သာမွာပါ။

Realme က တရုတ္မွာ Buds Wireless Earphones ကိုလည္း ဒီလ ၂၇ ရက္မွာ ေရာင္းခ်ေပးေတာ့မွာျဖစ္ပါတယ္။ ၁၄၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၁,၀၀၀ ေလာက္ရွိပါတယ္။ အိႏၵိယမွာ X2 ကို XT 730G နာမည္နဲ႔ ဒီဇင္ဘာလမွာ ေရာင္းမွာပါ။

Ref : gsmarena

[Unicode]

Snapdragon 730G နဲ့ 64MP Camera ပါတဲ့ Realme X2 ကို ကြေညာ

Realme XT ကို ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာခဲ့ပါတယ်။ အခုတော့ Realme X2 ကို ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ Realme X2 ဟာ XT ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် Snapdragon 730G SoC, 32MP Selfie Camera နဲ့ 30W VOOC Flash Charge 4.0 တွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် NFC Chip လည်း ပါလာပါတယ်။

XT မှာ မပါတဲ့ 8MP Ultrawide Angle Camera နဲ့ ဗီဒီယို ရိုက်ကူးခြင်း ၊ Real-time Video Bokeh တို့လို ကင်မရာ လုပ်ဆောင်ချက်တွေ X2 မှာ ပါလာပါတယ်။ X2 မှာ XT မှာလို ၆.၄ လက်မ FHD+ Super AMOLED Display နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ ColorOS 6 နဲ့ 4,000mAh Battery တွေ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်ထားပြီး 64MP+8MP+2MP+2MP တွေ ဖြစ်ပါတယ်။

ပုလဲဖြူနဲ့ ပုလဲပြာ အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ မော်ဒယ် ၂ မျိုး ရောင်းချမှာပါ။ 6/64GB ကို ယွမ် ၁,၅၉၉ နဲ့ 8/128GB ကို ယွမ် ၁,၈၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၄၀,၀၀၀ နဲ့ ၄၀၀,၀၀၀ လောက်ရှိပါတယ်။ Realme က သူ့ရဲ့ တရားဝင် စတိုးမှာ စက်တင်ဘာလ ၂၆ ရက်မတိုင်ခင် ကြိုတင်မှာယူသူတွေအား ယွမ် ၁၀၀ ဈေးလျှော့ရောင်းပေးမှာ ဖြစ်ပြီး မြန်မာငွေ ၂၀,၀၀၀ လောက် သက်သာမှာပါ။

Realme က တရုတ်မှာ Buds Wireless Earphones ကိုလည်း ဒီလ ၂၇ ရက်မှာ ရောင်းချပေးတော့မှာဖြစ်ပါတယ်။ ၁၄၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၁,၀၀၀ လောက်ရှိပါတယ်။ အိန္ဒိယမှာ X2 ကို XT 730G နာမည်နဲ့ ဒီဇင်ဘာလမှာ ရောင်းမှာပါ။

Ref : gsmarena