[Unicode]

Realme က X2 အတွက် တရုတ်မှာ အရောင်အသစ် ၁ မျိုးကို ကြေညာလိုက်ပါတယ်။ Avocado Green လို့ နာမည်ပေးထားပြီး ထောပတ်သီး အရောင် ဖြစ်ပါတယ်။ အစိမ်းရင့်ရောင်လို့ ပြောနိုင်ပြီး တရုတ်မှာ ယွမ် ၁,၈၉၉ နဲ့ ရောင်းချပေးလိုက်ပါပြီ။ ဒီရက်ပိုင်းအတွင်း ဝယ်ယူသူတွေက ယွမ် ၁,၆၉၉ လျှော့ဈေးနဲ့ ရမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၄၀၀,၀၀၀ နဲ့ ၃၆၀,၀၀၀ လောက်အသီးသီး ကျသင့်နိုင်ပါတယ်။

အရောင်ပဲ ကွာခြားပြီး Specs တွေက မူလ မော်ဒယ်တွေနဲ့ တူပါတယ်။ Realme X2 မှာ ဂိမ်းအသားပေး Snapdragon 730G Chipset မောင်းနှင်ထားတဲ့အတွက် ဂိမ်းကစားရင် အရမ်းလန်းမှာပါ။ 8GB RAM နဲ့ 128GB Storage တွေပါပါတယ်။ အရောင်အသစ်နဲ့ လိုက်ဖက်အောင် အစိမ်းရောင် UI ထည့်ပေးထားတာက မိုက်ပါတယ်။

၆.၄ လက်မ (2340 × 1080 pixels) Full HD+ AMOLED Display ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Android 9.0 Pie အခြေပြု ColorOS 6.0 မောင်းနှင်ထားပြီး Android 10 ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ့ 2MP Macro Camera တွေ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 32MP Camera တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ်။

Ref : gsmarena

[Zawgyi]

ေထာပတ္သီး အေရာင္ထြက္လာတဲ့ Realme X2

Realme က X2 အတြက္ တရုတ္မွာ အေရာင္အသစ္ ၁ မ်ိဳးကို ေၾကညာလိုက္ပါတယ္။ Avocado Green လို႔ နာမည္ေပးထားၿပီး ေထာပတ္သီး အေရာင္ ျဖစ္ပါတယ္။ အစိမ္းရင့္ေရာင္လို႔ ေျပာႏုိင္ၿပီး တရုတ္မွာ ယြမ္ ၁,၈၉၉ နဲ႔ ေရာင္းခ်ေပးလိုက္ပါၿပီ။ ဒီရက္ပိုင္းအတြင္း ၀ယ္ယူသူေတြက ယြမ္ ၁,၆၉၉ ေလွ်ာ့ေစ်းနဲ႔ ရမွာ ျဖစ္ပါတယ္။ ျမန္မာေငြ ၄၀၀,၀၀၀ နဲ႔ ၃၆၀,၀၀၀ ေလာက္အသီးသီး က်သင့္ႏိုင္ပါတယ္။

အေရာင္ပဲ ကြာျခားၿပီး Specs ေတြက မူလ ေမာ္ဒယ္ေတြနဲ႔ တူပါတယ္။ Realme X2 မွာ ဂိမ္းအသားေပး Snapdragon 730G Chipset ေမာင္းႏွင္ထားတဲ့အတြက္ ဂိမ္းကစားရင္ အရမ္းလန္းမွာပါ။ 8GB RAM နဲ႔ 128GB Storage ေတြပါပါတယ္။ အေရာင္အသစ္နဲ႔ လိုက္ဖက္ေအာင္ အစိမ္းေရာင္ UI ထည့္ေပးထားတာက မိုက္ပါတယ္။

၆.၄ လက္မ (2340 × 1080 pixels) Full HD+ AMOLED Display ကို Corning Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ Android 9.0 Pie အေျချပဳ ColorOS 6.0 ေမာင္းနွင္ထားၿပီး Android 10 ကိုလည္း ရရွိမွာ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 64MP Main , 8MP Ultrawide-angle , 2MP Depth နဲ႔ 2MP Macro Camera ေတြ ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ 32MP Camera တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ 30W VOOC Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ္။

Ref : gsmarena