Zawgyi

Realme ကေန High End Level စမတ္ဖုန္းတစ္ခုျဖစ္တဲ့ Realme X2 စမတ္ဖုန္းကို လာမယ့္ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေပးေတာ့မွာပဲျဖစ္ပါတယ္။ အဆိုပါ Realme X2 စမတ္ဖုန္းဟာ Snapdragon 730G Processor နဲ႔ 64MP Quad Camera ပါဝင္လာမွာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ဖုန္းတစ္ခုျဖစ္လာဖို႔မ်ားေနပါတယ္။

အခုလည္း Realme ကေန Realme X2 နဲ႔ ပတ္သက္တဲ့ေနာက္ထပ္သတင္းတစ္ခုကို Weibo စာမ်က္ႏွာမွာ မွ်ေဝေပးခဲ့ပါတယ္။ ဒါကေတာ့ Realme X2 ဖုန္းမွာပါဝင္လာမယ့္ Battery ပမာဏနဲ႔ Fast Charging စနစ္ေတြပဲျဖစ္ပါတယ္။

Realme X2 စမတ္ဖုန္းဟာ Battery ပမာဏအေနနဲ႔ 4000mAh Battery ပါဝင္လာမွာျဖစ္ၿပီးေတာ့ 30W VOOC Flash Charge 4.0 ကို အသုံးျပဳလာမွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ နာရီဝက္ခန္႔ အားသြင္းတာနဲ႔တင္ 67% အထိကို အားျပန္လည္ျပည့္မွာပါ။ ပုံမွန္ 18W Fast Charging ဟာ 4500mAh Battery ကို နာရီဝက္အားသြင္းမယ္ဆိုရင္ 39% ပဲျပည့္မွာျဖစ္ၿပီးေတာ့ 10W Charging နဲ႔ဆိုရင္ 4000mAh ကို နာရီဝက္အားသြင္းမွ 34% ပဲ ျပည့္မယ္ဆိုၿပီးလည္း ႏႈိင္းယွဥ္သြားခဲ့ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ Realme X2 စမတ္ဖုန္းဟာ လက္ရွိ Xiaomi Redmi Note 8 Pro ကို အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္မယ့္ စမတ္ဖုန္းတစ္ခုျဖစ္လာမွာျဖစ္ၿပီးေတာ့ အေသးစိတ္ကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicode

Realme ကနေ High End Level စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Realme X2 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Realme X2 စမတ်ဖုန်းဟာ Snapdragon 730G Processor နဲ့ 64MP Quad Camera ပါဝင်လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို အဆင်ပြေတဲ့ဖုန်းတစ်ခုဖြစ်လာဖို့များနေပါတယ်။

အခုလည်း Realme ကနေ အခု Realme X2 နဲ့ ပတ်သက်တဲ့နောက်ထပ်သတင်းတစ်ခုကို Weibo စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်။ ဒါကတော့ Realme X2 ဖုန်းမှာပါဝင်လာမယ့် Battery ပမာဏနဲ့ Fast Charging စနစ်တွေပဲဖြစ်ပါတယ်။

Realme X2 စမတ်ဖုန်းဟာ Battery ပမာဏအနေနဲ့ 4000mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ 30W VOOC Flash Charge 4.0 ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နာရီဝက်ခန့် အားသွင်းတာနဲ့တင် 67% အထိကို အားပြန်လည်ပြည့်မှာပါ။ ပုံမှန် 18W Fast Charging ဟာ 4500mAh Battery ကို နာရီဝက်အားသွင်းမယ်ဆိုရင် 39% ပဲပြည့်မှာဖြစ်ပြီးတော့ 10W Charging နဲ့ဆိုရင် 4000mAh ကို နာရီဝက်အားသွင်းမှ 34% ပဲ ပြည့်မယ်ဆိုပြီးလည်း နှိုင်းယှဥ်သွားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Realme X2 စမတ်ဖုန်းဟာ လက်ရှိ Xiaomi Redmi Note 8 Pro ကို အကောင်းဆုံး ယှဥ်ပြိုင်နိုင်မယ့် စမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ အသေးစိတ်ကိုတော့ လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena