[Zawgyi]





Ref : gadgets.ndtv

[Unicode]

ဒီလ ၂၄ ရက်မှာ ကြေညာမယ့် Realme X2

တရုတ်မှာ Realme X ရဲ့ မျိုးဆက် ဖြစ်တဲ့ Realme X2 ကို ဒီလ ၂၄ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို Realme က အင်္ဂါနေ့မှာ ဝီဘိုကနေ အတည်ပြုလိုက်တာပါ။ အဲဒီ စမတ်ဖုန်းမှာ 64MP Main Sensor အပါအဝင် အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ RAM/Storage မတူတဲ့ မော်ဒယ် ၂ မျိုးထွက်လာနိုင်ပြီး အများဆုံး အနေနဲ့ 8GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်မယ်လို့ ထင်ပါတယ်။

ဝီဘိုက ပို့စ်အရ တရုတ်မှာ Realme X2 ကို စက်တင်ဘာလ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ကြေညာမှာပါ။ ကုမ္ပဏီရဲ့ CMO Xu Qi Chase က အရောင် ၂ မျိုးထုတ်လုပ်မှာ ဖြစ်ပြီး အရောင်ပြောင်း ဒီဇိုင်းတွေ ဖြစ်တယ်လို့ ဝီဘိုမှာ ရေးသားထားပါတယ်။ Realme X2 ရဲ့ အနောက်ဘက်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုလည်း သူက ပြသလိုက်ပြီး Realme XT နဲ့ ဆင်တူပါတယ်။

အိန္ဒိယမှာတော့ Realme X2 ကို Realme XT 730G အနေနဲ့ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Realme XT 730G မှာ Realme XT မှာလို Hyperbola 3D Glass Design ထည့်သွင်းထားမယ်လို့ ကုမ္ပဏီကအတည်ပြုထားပါတယ်။ Super AMOLED Display , In-disdplay Fingerprint Sensor နဲ့ 4,000mAh Battery တွေ ပါလာနိုင်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က Realme XT 730G မှာ Snapdragon 730G နဲ့ Realme XT မှာ Snapdragon 712 SoC တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

TENAA ရဲ့ စာရင်းအရ Realme XT 730G မှာ Android 9 Pie , 32MP Selfie Camera တွေ ပါလာနိုင်ပါတယ်။ ၆.၄ လက်မ Full HD+ Display ထည့်သွင်းထားနိုင်ပါတယ်။ 6GB/8GB RAM နဲ့ 64GB/128GB Storage တွေ ပါလာနိုင်ပါတယ်။

Ref : gadgets.ndtv