Zawgyi

Realme X2 Pro ဟာ ဒီအမွတ္တံဆိပ္အတြက္ေတာ့ ပထမဆုံး ေဒါင္ေဒါင္ျမည္ Flagship စမတ္ဖုန္းျဖစ္ၿပီး မူရင္း X2 ဖုန္းနဲ႔ နာမည္ခ်င္းတူတာကလြဲလို႔ Specs ပုိင္းမွာ ကြာျခားမႈႀကီးမားပါတယ္။ Realme ဟာ Mid-ranger ေစ်းကြက္ကေန ခုန္ေက်ာ္ၿပီး Xiaomi, Honor နဲ႔ OnePlus တုိ႔ရဲ႕ Flagship ေစ်းကြက္ကိုပါ စိန္ေခၚလိုက္တာပါ။

ဒီဖုန္းအသစ္မွာ ႀကိဳတင္ေၾကညာထားတဲ့အတုိင္း 90Hz Refresh Rate နဲ႔ Display တစ္ခုပါၿပီး ေခ်ာေမြ႕တဲ့ Super AMOLED မ်က္ႏွာျပင္က 6.5” လက္မ ရွိပါတယ္။ Screen ရဲ႕ေအာက္မွာ ပိုမုိသစ္လြင္တဲ့ Fingerprint တစ္ခုပါဝင္လာၿပီး 0.23 စကၠန္႔အတြင္း Unlock ျပဳလုပ္ေပးႏုိင္မွာပါ။ X2 မွာပါဝင္ခဲ့တဲ့ Fingerprint ဟာ ၾကာခ်ိန္ 0.36 စကၠန္႔ ျဖစ္ပါတယ္။

အတြင္းမွာ Snapdragon 855+ ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး Realme အတြက္ ပထမဆုံးအႀကိမ္ SD-800 စီးရီးကို အသုံးျပဳျခင္းျဖစ္သလို လက္ရွိ Android ပလက္ေဖာင္းအတြက္ အျမန္ဆုံးခ်စ္ပ္လည္း ျဖစ္ပါတယ္။ ခ်စ္ပ္ဆက္အလန္းစားနဲ႔ 90Hz Display တုိ႔ဟာ မိုဘုိင္းဂိမ္မာေတြအတြက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနုိင္မွာ ျဖစ္သလို ၾကာရွည္စြာ ေဆာ့ကစားရင္ အပူခ်ိန္ျမင့္တက္လာမွာကို ကာကြယ္တဲ့အေနနဲ႔လည္း Graphite အလႊာ တစ္ခုနဲ႔ Vapor Chamber အေအးေပးစနစ္ကို ထည့္သြင္းလာတယ္။

မန္မုိရီပုိင္းမွာ 6GB RAM နဲ႔အတူ UFS 2.1 စနစ္နဲ႔ 64GB Storage က အေျခခံေမာ္ဒယ္ျဖစ္ပါတယ္။ အားမရေသးတဲ့သူေတြအတြက္ 8/128GB နဲ႔ 12/256GB ေမာ္ဒယ္ေတြေရြးခ်ယ္ႏုိင္ၿပီး ပိုလွ်င္ျမန္တဲ့ UFS 3.0 Storage ကိုပါ ရရွိႏုိင္မွာပါ။ ဒီဖုန္းမွာ MicroSD ေတာ့မပါတဲ့အတြက္ ေရြးခ်ယ္မယ့္အခ်ိန္မွာ မျဖစ္မေန စဥ္းစားရမွာျဖစ္ပါတယ္။

ကင္မရာကလည္း ႀကိဳတင္သိထားရသလို ေနာက္ဘက္မွာ Quad-cam ျဖစ္ၿပီး ပုံမွန္ 64MP f/1.8 ကင္မရာက ႀကီးမားတဲ့ Samsung GW1 Sensor ျဖစ္ပါတယ္။ Realme က သူတုိ႔ရဲ႕ Night Mode အတြက္ ဗားရွင္းအသစ္ Nightscape 2.0 ကိုလည္း ထည့္သြင္းလာၿပီး AI နဲ႔ Multi-frame Synthesis ကို အသုံးျပဳကာ Noise, အလင္းျပန္မႈနဲ႔ ပုံရိပ္မျငိမ္တာေတြကို ေလ်ာ့ခ်ေပးမွာပါ။

ေနာက္ထပ္ပါဝင္တဲ့ ကင္မရာေတြကေတာ့ 2x Telephoto 13MP Sensor, 115° ultra wide-angle 8MP နဲ႔ 2MP Depth Sensor တုိ႔ပဲျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ 16MP Selfie ကင္မရာပါဝင္ၿပီး ေနာက္ဘက္ကင္မရာေတြလိုပဲ Nightscape Mode ပါဝင္လာပါတယ္။

Realme X2 Pro စမတ္ဖုန္းမွာ 4,000 mAh ဘကၳရီႀကီးနဲ႔အတူ ေနာက္ဆုံးေပၚ 50W SuperVOOC အားအျမန္သြင္းနည္းပညာပါ ပါဝင္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ မိနစ္ ၃၀ အတြင္းမွာ 80% ထိ အားျဖည့္ႏုိင္မယ္လို႔ ဆုိတယ္။ ဖုန္းရဲ႕ေရွ႕ေနာက္ႏွစ္ဘက္လုံးကို Gorilla Glass 5 နဲ႔ကာကြယ္ထားၿပီး ဖရိန္ကေတာ့ သတၳဳပါ။

အေရာင္အေနနဲ႔ Ocean Blue, Midnight Silver ႏွစ္မ်ဳိးအျပင္ Master Editions အေနနဲ႔ Red, Grey ကာလာႏွစ္မ်ဳိးကို သီးသန္႔ရရွိႏုိင္မွာပါ။ Realme X2 Pro ကိုေတာ့ တရုတ္ႏုိင္ငံအတြင္းမွာ ေအာက္တုိဘာ ၁၈ ရက္ေန႔ကေန စေရာင္းခ်ေတာ့မွာျဖစ္ၿပီး အေျခခံ 6/64 ေမာ္ဒယ္အတြက္ တရုတ္ယြမ္ေငြ ၂၆၉၉ (ျမန္မာေငြ ငါးသိန္းရွစ္ေသာင္းေက်ာ္) သာက်သင့္မွာပါ။ 8/128 GB ဗားရွင္းကေတာ့ ယြမ္ ၂၈၉၉ (ျမန္မာေငြ ေျခာက္သိန္း ႏွစ္ေသာင္းေက်ာ္) သတ္မွတ္ထားၿပီး အျမင့္ဆုံး 12/256 GB ေမာ္ဒယ္က ယြမ္ေငြ ၃၂၉၉ (ျမန္မာေငြ ခုနစ္သိန္း တစ္ေသာင္းေက်ာ္) သာ က်သင့္မွာျဖစ္ပါတယ္။

Master Edition ကေတာ့ 12/256GB တစ္မ်ဳိးတည္းပဲ ထြက္ရွိၿပီး ေစ်းႏႈန္းက ပုံမွန္ေမာ္ဒယ္နဲ႔ အတူတူပါပဲ။ Realme ဟာ X2 Pro ကို ယေန႔မွာ စပိန္ႏုိင္ငံမွာလည္း ေၾကညာမိတ္ဆက္မွာျဖစ္တဲ့အတြက္ ဥေရာပေစ်းကြက္အတြက္ ေစ်းႏႈန္းနဲ႔ ရရွိႏုိင္မယ့္ ေစ်းကြက္ေတြကို ထပ္မံသိရွိရဦးမွာပါ။

Ref – GSM Arena

Unicode

Realme X2 Pro ဟာ ဒီအမှတ်တံဆိပ်အတွက်တော့ ပထမဆုံး ဒေါင်ဒေါင်မြည် Flagship စမတ်ဖုန်းဖြစ်ပြီး မူရင်း X2 ဖုန်းနဲ့ နာမည်ချင်းတူတာကလွဲလို့ Specs ပိုင်းမှာ ကွာခြားမှုကြီးမားပါတယ်။ Realme ဟာ Mid-ranger ဈေးကွက်ကနေ ခုန်ကျော်ပြီး Xiaomi, Honor နဲ့ OnePlus တို့ရဲ့ Flagship ဈေးကွက်ကိုပါ စိန်ခေါ်လိုက်တာပါ။

ဒီဖုန်းအသစ်မှာ ကြိုတင်ကြေညာထားတဲ့အတိုင်း 90Hz Refresh Rate နဲ့ Display တစ်ခုပါပြီး ချောမွေ့တဲ့ Super AMOLED မျက်နှာပြင်က 6.5” လက်မ ရှိပါတယ်။ Screen ရဲ့အောက်မှာ ပိုမိုသစ်လွင်တဲ့ Fingerprint တစ်ခုပါဝင်လာပြီး 0.23 စက္ကန့်အတွင်း Unlock ပြုလုပ်ပေးနိုင်မှာပါ။ X2 မှာပါဝင်ခဲ့တဲ့ Fingerprint ဟာ ကြာချိန် 0.36 စက္ကန့် ဖြစ်ပါတယ်။

အတွင်းမှာ Snapdragon 855+ ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Realme အတွက် ပထမဆုံးအကြိမ် SD-800 စီးရီးကို အသုံးပြုခြင်းဖြစ်သလို လက်ရှိ Android ပလက်ဖောင်းအတွက် အမြန်ဆုံးချစ်ပ်လည်း ဖြစ်ပါတယ်။ ချစ်ပ်ဆက်အလန်းစားနဲ့ 90Hz Display တို့ဟာ မိုဘိုင်းဂိမ်မာတွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို ကြာရှည်စွာ ဆော့ကစားရင် အပူချိန်မြင့်တက်လာမှာကို ကာကွယ်တဲ့အနေနဲ့လည်း Graphite အလွှာ တစ်ခုနဲ့ Vapor Chamber အအေးပေးစနစ်ကို ထည့်သွင်းလာတယ်။

မန်မိုရီပိုင်းမှာ 6GB RAM နဲ့အတူ UFS 2.1 စနစ်နဲ့ 64GB Storage က အခြေခံမော်ဒယ်ဖြစ်ပါတယ်။ အားမရသေးတဲ့သူတွေအတွက် 8/128GB နဲ့ 12/256GB မော်ဒယ်တွေရွေးချယ်နိုင်ပြီး ပိုလျှင်မြန်တဲ့ UFS 3.0 Storage ကိုပါ ရရှိနိုင်မှာပါ။ ဒီဖုန်းမှာ MicroSD တော့မပါတဲ့အတွက် ရွေးချယ်မယ့်အချိန်မှာ မဖြစ်မနေ စဉ်းစားရမှာဖြစ်ပါတယ်။

ကင်မရာကလည်း ကြိုတင်သိထားရသလို နောက်ဘက်မှာ Quad-cam ဖြစ်ပြီး ပုံမှန် 64MP f/1.8 ကင်မရာက ကြီးမားတဲ့ Samsung GW1 Sensor ဖြစ်ပါတယ်။ Realme က သူတို့ရဲ့ Night Mode အတွက် ဗားရှင်းအသစ် Nightscape 2.0 ကိုလည်း ထည့်သွင်းလာပြီး AI နဲ့ Multi-frame Synthesis ကို အသုံးပြုကာ Noise, အလင်းပြန်မှုနဲ့ ပုံရိပ်မငြိမ်တာတွေကို လျော့ချပေးမှာပါ။

နောက်ထပ်ပါဝင်တဲ့ ကင်မရာတွေကတော့ 2x Telephoto 13MP Sensor, 115° ultra wide-angle 8MP နဲ့ 2MP Depth Sensor တို့ပဲဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ 16MP Selfie ကင်မရာပါဝင်ပြီး နောက်ဘက်ကင်မရာတွေလိုပဲ Nightscape Mode ပါဝင်လာပါတယ်။

Realme X2 Pro စမတ်ဖုန်းမှာ 4,000 mAh ဘက္ထရီကြီးနဲ့အတူ နောက်ဆုံးပေါ် 50W SuperVOOC အားအမြန်သွင်းနည်းပညာပါ ပါဝင်လာခဲ့ပါတယ်။ ဒါ့ကြောင့် မိနစ် ၃၀ အတွင်းမှာ 80% ထိ အားဖြည့်နိုင်မယ်လို့ ဆိုတယ်။ ဖုန်းရဲ့ရှေ့နောက်နှစ်ဘက်လုံးကို Gorilla Glass 5 နဲ့ကာကွယ်ထားပြီး ဖရိန်ကတော့ သတ္ထုပါ။

အရောင်အနေနဲ့ Ocean Blue, Midnight Silver နှစ်မျိုးအပြင် Master Editions အနေနဲ့ Red, Grey ကာလာနှစ်မျိုးကို သီးသန့်ရရှိနိုင်မှာပါ။ Realme X2 Pro ကိုတော့ တရုတ်နိုင်ငံအတွင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့ကနေ စရောင်းချတော့မှာဖြစ်ပြီး အခြေခံ 6/64 မော်ဒယ်အတွက် တရုတ်ယွမ်ငွေ ၂၆၉၉ (မြန်မာငွေ ငါးသိန်းရှစ်သောင်းကျော်) သာကျသင့်မှာပါ။ 8/128 GB ဗားရှင်းကတော့ ယွမ် ၂၈၉၉ (မြန်မာငွေ ခြောက်သိန်း နှစ်သောင်းကျော်) သတ်မှတ်ထားပြီး အမြင့်ဆုံး 12/256 GB မော်ဒယ်က ယွမ်ငွေ ၃၂၉၉ (မြန်မာငွေ ခုနစ်သိန်း တစ်သောင်းကျော်) သာ ကျသင့်မှာဖြစ်ပါတယ်။

Master Edition ကတော့ 12/256GB တစ်မျိုးတည်းပဲ ထွက်ရှိပြီး ဈေးနှုန်းက ပုံမှန်မော်ဒယ်နဲ့ အတူတူပါပဲ။ Realme ဟာ X2 Pro ကို ယနေ့မှာ စပိန်နိုင်ငံမှာလည်း ကြေညာမိတ်ဆက်မှာဖြစ်တဲ့အတွက် ဥရောပဈေးကွက်အတွက် ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက်တွေကို ထပ်မံသိရှိရဦးမှာပါ။

Ref – GSM Arena