Zawgyi

Realme X2 Pro စမတ္ဖုန္းဟာ လာမယ့္ေအာက္တုိဘာ ၁၅ ရက္ေန႔မွာ စပိန္ႏုိင္ငံ၌ မိတ္ဆက္သြားမွာပါ။ ဒါေပမယ့္ ကုမၸဏီက မိတ္ဆက္ပြဲကို တရုတ္ေစ်းကြက္မွာလည္း တၿပိဳင္တည္းက်င္းပသြားမယ္လို႔ ေၾကညာခဲ့ၿပီး ေဘဂ်င္းၿမိဳ႕မွာ တစ္ရက္တည္း မိတ္ဆက္လာမွာျဖစ္ပါတယ္။

X2 Pro ဟာ Realme အတြက္ေတာ့ ပထမဆုံး High-end စမတ္ဖုန္းစစ္စစ္လို႔ ေျပာလုိ႔ရပါတယ္။ သူ႕မွာ လက္ရွိေနာက္ဆုံးေပၚျဖစ္တဲ့ Snapdragon 855+ ခ်စ္ပ္ဆက္နဲ႔ 90Hz Display တုိ႔ ပါဝင္တယ္။ ဒါ့အျပင္ Dolby Atmos အသံစနစ္ေထာက္ပံ့ေပးမယ့္ Dual Stereo စပီကာ၊ 50W SuperVOOC အားသြင္းစနစ္နဲ႔ 64MP Quad-cam စတဲ့ Feature ေတြ ပါမယ္ဆုိတာကိုလည္း ကုမၸဏီက အတည္ျပဳေပးခဲ့ပါတယ္။

က်န္တဲ့ Specs ေတြကိုေတာ့ Realme က ထုတ္မျပရေသးေပမယ့္ တရုတ္ဆုိရွယ္မီဒီယာျဖစ္တဲ့ Weibo ေပၚမွာ ဖုန္းရဲ႕ဓါတ္ပုံတစ္ခုကို တင္ျပခဲ့ကာ ေနာက္ဘက္ အလည္တည့္တည့္မွာ ေဒါင္လုိက္ထည့္သြင္းထားတဲ့ Quad-cam ကို ထင္ရွားစြာ ျပသထားပါတယ္။

X2 Pro ဟန္းဆက္ဟာ TENAA မွာလည္းေရာက္ရွိခဲ့ၿပီးျဖစ္ကာ 6.5” FHD+ AMOLED Display နဲ႔ျဖစ္ၿပီး Fingerprint ကိုလည္း Display ေအာက္မွာပဲထည့္သြင္းလာပါတယ္။ Display ေပၚမွာ Selfie ကင္မရာအတြက္ Notch တစ္ခုပါၿပီး 16MP ယူနစ္တစ္ခု သုံးစြဲထားပါတယ္။

ေနာက္ဘက္မွာေတာ့ Quad-cam (ကင္မရာေလးလုံးတြဲ) ကို 64MP အဓိက Sensor အား 13MP Telephoto, 8MP Ultrawide နဲ႔ 2MP Depth Sensor တုိ႔နဲ႔ ဝန္းရံထားပါတယ္။ X2 Pro ဟာ ထြက္ရွိခါစမွာေတာ့ Android Pie ကုိပဲ အသုံးျပဳရမွာျဖစ္ၿပီး မန္မုိရီက 6GB RAM / 64GB Storage ျဖစ္ပါတယ္။ အခုေခတ္မွာ 64GB Storage ကို နည္းတယ္လို႔ ဆုိလာရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။ သူ႕မွာ MicroSD အတြက္ ေနရာမပါဘဲ Realme X လုိင္းအပ္ထဲက ဒုတိယေျမာက္ Storage တုိးျမွင့္လို႔မရတဲ့ ထုတ္ကုန္ျဖစ္ပါတယ္။

ေလာေလာဆယ္မသိရေသးတာက ဘကၳရီျဖစ္ၿပီး TENAA စာရင္းထဲမွာ 1,950 mAh လို႔ျပထားေပမယ့္ 6.5” လက္မအရြယ္ Display အတြက္ သိပ္နည္းလြန္းေနပါတယ္။ ဒါ့ေၾကာင့္ မျဖစ္ႏုိင္ဘူးလို႔ ယူဆထားရၿပီး လာမယ့္ ၁၅ ရက္ေန႔မွာ မိတ္ဆက္လာတဲ့အခါ Realme X2 Pro ရဲ႕က်န္ေသးတဲ့ အခ်က္အလက္ေတြနဲ႔ ေစ်းႏႈန္း တုိ႔ကို ေစာင့္ေမွ်ာ္ၾကည့္ရႈရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Realme X2 Pro စမတ်ဖုန်းဟာ လာမယ့်အောက်တိုဘာ ၁၅ ရက်နေ့မှာ စပိန်နိုင်ငံ၌ မိတ်ဆက်သွားမှာပါ။ ဒါပေမယ့် ကုမ္ပဏီက မိတ်ဆက်ပွဲကို တရုတ်ဈေးကွက်မှာလည်း တပြိုင်တည်းကျင်းပသွားမယ်လို့ ကြေညာခဲ့ပြီး ဘေဂျင်းမြို့မှာ တစ်ရက်တည်း မိတ်ဆက်လာမှာဖြစ်ပါတယ်။

X2 Pro ဟာ Realme အတွက်တော့ ပထမဆုံး High-end စမတ်ဖုန်းစစ်စစ်လို့ ပြောလို့ရပါတယ်။ သူ့မှာ လက်ရှိနောက်ဆုံးပေါ်ဖြစ်တဲ့ Snapdragon 855+ ချစ်ပ်ဆက်နဲ့ 90Hz Display တို့ ပါဝင်တယ်။ ဒါ့အပြင် Dolby Atmos အသံစနစ်ထောက်ပံ့ပေးမယ့် Dual Stereo စပီကာ၊ 50W SuperVOOC အားသွင်းစနစ်နဲ့ 64MP Quad-cam စတဲ့ Feature တွေ ပါမယ်ဆိုတာကိုလည်း ကုမ္ပဏီက အတည်ပြုပေးခဲ့ပါတယ်။

ကျန်တဲ့ Specs တွေကိုတော့ Realme က ထုတ်မပြရသေးပေမယ့် တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Weibo ပေါ်မှာ ဖုန်းရဲ့ဓါတ်ပုံတစ်ခုကို တင်ပြခဲ့ကာ နောက်ဘက် အလည်တည့်တည့်မှာ ဒေါင်လိုက်ထည့်သွင်းထားတဲ့ Quad-cam ကို ထင်ရှားစွာ ပြသထားပါတယ်။

X2 Pro ဟန်းဆက်ဟာ TENAA မှာလည်းရောက်ရှိခဲ့ပြီးဖြစ်ကာ 6.5” FHD+ AMOLED Display နဲ့ဖြစ်ပြီး Fingerprint ကိုလည်း Display အောက်မှာပဲထည့်သွင်းလာပါတယ်။ Display ပေါ်မှာ Selfie ကင်မရာအတွက် Notch တစ်ခုပါပြီး 16MP ယူနစ်တစ်ခု သုံးစွဲထားပါတယ်။

နောက်ဘက်မှာတော့ Quad-cam (ကင်မရာလေးလုံးတွဲ) ကို 64MP အဓိက Sensor အား 13MP Telephoto, 8MP Ultrawide နဲ့ 2MP Depth Sensor တို့နဲ့ ဝန်းရံထားပါတယ်။ X2 Pro ဟာ ထွက်ရှိခါစမှာတော့ Android Pie ကိုပဲ အသုံးပြုရမှာဖြစ်ပြီး မန်မိုရီက 6GB RAM / 64GB Storage ဖြစ်ပါတယ်။ အခုခေတ်မှာ 64GB Storage ကို နည်းတယ်လို့ ဆိုလာရင်တော့ စိတ်မကောင်းစရာပါပဲ။ သူ့မှာ MicroSD အတွက် နေရာမပါဘဲ Realme X လိုင်းအပ်ထဲက ဒုတိယမြောက် Storage တိုးမြှင့်လို့မရတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

လောလောဆယ်မသိရသေးတာက ဘက္ထရီဖြစ်ပြီး TENAA စာရင်းထဲမှာ 1,950 mAh လို့ပြထားပေမယ့် 6.5” လက်မအရွယ် Display အတွက် သိပ်နည်းလွန်းနေပါတယ်။ ဒါ့ကြောင့် မဖြစ်နိုင်ဘူးလို့ ယူဆထားရပြီး လာမယ့် ၁၅ ရက်နေ့မှာ မိတ်ဆက်လာတဲ့အခါ Realme X2 Pro ရဲ့ကျန်သေးတဲ့ အချက်အလက်တွေနဲ့ ဈေးနှုန်း တို့ကို စောင့်မျှော်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena