[Unicode]
Realme India CEO Madhav Sheth က ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေအတွက် ဒီလထဲမှာ VoWiFi လုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ပြောခဲ့ပါတယ်။ အခုတော့ Realme က X2 Pro အတွက် Software Update အသစ်ကို ဖြန့်ချိလိုက်ပြီး Airtel နဲ့ Reliance Jio Customers တွေအတွက် VoWiFi ထောက်ပံ့မှု ပါလာပါတယ်။
ဒါ့အပြင် Update မှာ X2 Pro အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ Android Security Patch ပါလာပြီး Instagram မှာ ဗီဒီယိုတွေ Upload လုပ်လို့ မရတဲ့ Bug ကို ပြင်ဆင်ပေးထားပါတယ်။ System Stability ပိုကောင်းလာတဲ့အတွက် အရင်ကထက် လျှင်မြန်သွက်လက်လာမှာပါ။
Firmware အသစ်ရဲ့ ဗားရှင်း နံပါတ်က RMX1931EX-11.A.09 ဖြစ်ပြီး အိန္ဒိယမှာ စတင် ဖြန့်ချိပေးနေပါပြီ။ လောလောဆယ် Users အနည်းငယ်မှာပဲ ရရှိသေးပြီး Bugs ကြီးကြီးမားမား မရှိရင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ Realme က ဖြန့်ချိပေးတဲ့ အချိန်ကို မစောင့်ချင်ရင် ဒီလင့် ကနေ Download လုပ်နိုင်ပါတယ်။
X2 Pro ဟာ VoWiFi ကို အစောဆုံး ရရှိတဲ့ စမတ်ဖုန်း ဖြစ်ပြီး ဖေဖော်ဝါရီလမှာ X, XT, X2, 3 Pro , 5 series တွေနဲ့ မတ်လမှာ Realme 1, 2, C1, C2, U1, 2 Pro, 3 နဲ့ 3i တို့မှာ ရရှိကြမယ်လို့ CEO က အတည်ပြုထားပါတယ်။
Ref : gsmarena
[Zawgyi]
Realme X2 Pro အတြက္ VoWiFi ရၿပီ
Realme India CEO Madhav Sheth က ကုမၸဏီရဲ႕ စမတ္ဖုန္းေတြအတြက္ ဒီလထဲမွာ VoWiFi လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးမယ္လို႔ ၿပီးခဲ့တဲ့ ၁ ပတ္က ေျပာခဲ့ပါတယ္။ အခုေတာ့ Realme က X2 Pro အတြက္ Software Update အသစ္ကို ျဖန႔္ခ်ိလိုက္ၿပီး Airtel နဲ႔ Reliance Jio Customers ေတြအတြက္ VoWiFi ေထာက္ပံ့မႈ ပါလာပါတယ္။
ဒါ့အျပင္ Update မွာ X2 Pro အတြက္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ Android Security Patch ပါလာၿပီး Instagram မွာ ဗီဒီယိုေတြ Upload လုပ္လို႔ မရတဲ့ Bug ကို ျပင္ဆင္ေပးထားပါတယ္။ System Stability ပိုေကာင္းလာတဲ့အတြက္ အရင္ကထက္ လွ်င္ျမန္သြက္လက္လာမွာပါ။
Firmware အသစ္ရဲ႕ ဗားရွင္း နံပါတ္က RMX1931EX-11.A.09 ျဖစ္ၿပီး အိႏၵိယမွာ စတင္ ျဖန႔္ခ်ိေပးေနပါၿပီ။ ေလာေလာဆယ္ Users အနည္းငယ္မွာပဲ ရရွိေသးၿပီး Bugs ႀကီးႀကီးမားမား မရွိရင္ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ခ်ိေပးမွာ ျဖစ္ပါတယ္။ Realme က ျဖန႔္ခ်ိေပးတဲ့ အခ်ိန္ကို မေစာင့္ခ်င္ရင္ ဒီလင့္ ကေန Download လုပ္ႏိုင္ပါတယ္။
X2 Pro ဟာ VoWiFi ကို အေစာဆုံး ရရွိတဲ့ စမတ္ဖုန္း ျဖစ္ၿပီး ေဖေဖာ္ဝါရီလမွာ X, XT, X2, 3 Pro , 5 series ေတြနဲ႔ မတ္လမွာ Realme 1, 2, C1, C2, U1, 2 Pro, 3 နဲ႔ 3i တို႔မွာ ရရွိၾကမယ္လို႔ CEO က အတည္ျပဳထားပါတယ္။
Ref : gsmarena