[Zawgyi]

Sony ဟာ ၂၀၁၀ ကတည္းက Qualcomm Chipset သုံး Flagship ေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ဂ်ပန္နည္းပညာကုမၸဏီဟာ ဆယ္စုႏွစ္တစ္ခုျပည့္ေတာ့မယ့္ လာမယ့္ ႏွစ္မွာလည္း ထိပ္တန္း Qualcomm Chipset ကိုအသုံးျပဳၿပီးေတာ့ပဲ Flagship ဟန္းဆက္ကို ဆက္လက္ထုတ္လုပ္သြားဖြယ္ ရွိေနတာပါ။

AndroPlus ကေနထြက္လာတဲ့သတင္းအရဆိုရင္ေတာ့ Sony ဟာ ၂၀၂၀ မွာထုတ္မယ့္ Flagship ဟန္းဆက္အတြက္ အေစာပိုင္းစမ္းသပ္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ အတိအက်သိရတာမဟုတ္ေပမယ့္ သတင္းထြက္လာတာကေတာ့ Sony ရဲ႕ ဟန္းဆက္သစ္ဟာ Qualcomm “SM8250” ကိုသုံးထားတယ္ဆိုတာပါ။ ဒီ Chipset ဟာ လာမယ့္ႏွစ္မွာ Snapdragon 865 အျဖစ္ ထြက္လာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

Qualcomm ဟာ Snapdragon 865 ကို အမ်ိဳးအစား ႏွစ္မ်ိဳးျပဳလုပ္ေနတယ္လို႔ ေကာလာဟလထြက္ထားပါေသးတယ္။ တစ္မ်ိဳးက 4G LTE ကြန္ရက္ကို စံအေနနဲ႔ေထာက္ပံ့ၿပီး ေနာက္တစ္မ်ိဳးကေတာ့ 5G modem နဲ႔ ေပါင္းစပ္မယ္လို႔ ဆိုပါတယ္။ ဒီအတိုင္းဆိုရင္ေတာ့ ပရီမီယံဖုန္းအေတာ္မ်ားမ်ားမွာ အသုံးျပဳႏိုင္မွာျဖစ္ၿပီး ေဈးကြက္လည္းပိုၿပီး က်ယ္ျပန႔္လာဖြယ္ရွိေနပါတယ္။

Sony အေနနဲ႔ကေတာ့ လာမယ့္ႏွစ္မွာ 5G သုံးႏိုင္မယ့္ ဟန္းဆက္ကို ထုတ္တာက ပိုၿပီးအလားအလာရွိတဲ့ မဟာဗ်ဴဟာလို႔ ဆိုရပါလိမ့္မယ္။ 5G ဟန္းဆက္ကသာ ကုမၸဏီရဲ႕ စမတ္ဖုန္းစီးပြားေရးလုပ္ငန္းလမ္းေၾကာင္းကို ျပန္ၿပီးတည့္မတ္လာေအာင္ ကူညီႏိုင္မယ္လို႔ ဆိုရမွာပါ။

Xperia 1 ကို ဆက္ခံမယ့္ ဟန္းဆက္သစ္ဟာ Xperia 2 လို နာမည္မ်ိဳးေပးဖြယ္ရွိၿပီး ၂၀၂၀ ေဖေဖာ္ဝါရီမွာ က်င္းပျပဳလုပ္မယ့္ MWC မွာ အျခား Sony device ေတြနဲ႔အတူ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဂ်ပန္ကုမၸဏီဘက္ကေနၿပီး ဟန္းဆက္သစ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာကို အရိပ္အႁမြက္ေတာင္ မထထုတ္ျပေသးတာပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Sony ရဲ့ လာမယ့် Xperia ဟာ Snapdragon 865 သုံး 5G ဟန်းဆက် ဖြစ်လာဖွယ်ရှိ

Sony ဟာ ၂၀၁၀ ကတည်းက Qualcomm Chipset သုံး Flagship တွေကို ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဂျပန်နည်းပညာကုမ္ပဏီဟာ ဆယ်စုနှစ်တစ်ခုပြည့်တော့မယ့် လာမယ့် နှစ်မှာလည်း ထိပ်တန်း Qualcomm Chipset ကိုအသုံးပြုပြီးတော့ပဲ Flagship ဟန်းဆက်ကို ဆက်လက်ထုတ်လုပ်သွားဖွယ် ရှိနေတာပါ။

AndroPlus ကနေထွက်လာတဲ့သတင်းအရဆိုရင်တော့ Sony ဟာ ၂၀၂၀ မှာထုတ်မယ့် Flagship ဟန်းဆက်အတွက် အစောပိုင်းစမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အတိအကျသိရတာမဟုတ်ပေမယ့် သတင်းထွက်လာတာကတော့ Sony ရဲ့ ဟန်းဆက်သစ်ဟာ Qualcomm “SM8250” ကိုသုံးထားတယ်ဆိုတာပါ။ ဒီ Chipset ဟာ လာမယ့်နှစ်မှာ Snapdragon 865 အဖြစ် ထွက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Qualcomm ဟာ Snapdragon 865 ကို အမျိုးအစား နှစ်မျိုးပြုလုပ်နေတယ်လို့ ကောလာဟလထွက်ထားပါသေးတယ်။ တစ်မျိုးက 4G LTE ကွန်ရက်ကို စံအနေနဲ့ထောက်ပံ့ပြီး နောက်တစ်မျိုးကတော့ 5G modem နဲ့ ပေါင်းစပ်မယ်လို့ ဆိုပါတယ်။ ဒီအတိုင်းဆိုရင်တော့ ပရီမီယံဖုန်းအတော်များများမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ဈေးကွက်လည်းပိုပြီး ကျယ်ပြန့်လာဖွယ်ရှိနေပါတယ်။

Sony အနေနဲ့ကတော့ လာမယ့်နှစ်မှာ 5G သုံးနိုင်မယ့် ဟန်းဆက်ကို ထုတ်တာက ပိုပြီးအလားအလာရှိတဲ့ မဟာဗျူဟာလို့ ဆိုရပါလိမ့်မယ်။ 5G ဟန်းဆက်ကသာ ကုမ္ပဏီရဲ့ စမတ်ဖုန်းစီးပွားရေးလုပ်ငန်းလမ်းကြောင်းကို ပြန်ပြီးတည့်မတ်လာအောင် ကူညီနိုင်မယ်လို့ ဆိုရမှာပါ။

Xperia 1 ကို ဆက်ခံမယ့် ဟန်းဆက်သစ်ဟာ Xperia 2 လို နာမည်မျိုးပေးဖွယ်ရှိပြီး ၂၀၂၀ ဖေဖော်ဝါရီမှာ ကျင်းပပြုလုပ်မယ့် MWC မှာ အခြား Sony device တွေနဲ့အတူ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာတော့ ဂျပန်ကုမ္ပဏီဘက်ကနေပြီး ဟန်းဆက်သစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို အရိပ်အမြွက်တောင် မထထုတ်ပြသေးတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena