[Zawgyi]

Realme X2 Pro ကို မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္ၿပီး အဲဒီဖုန္းရဲ႕ သတင္းေတြ ခပ္စိပ္စိပ္ထြက္ေပၚေနပါတယ္။ အခုလည္း အဲဒီ ဖုန္းဟာ Dual Stereo Speakers ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။ ဒီသတင္းကို Realme က အတည္ျပဳလုိက္တာပါ။ ကုမၸဏီက တြစ္တာမွာ ဗီဒီယို ၁ ခု တင္လိုက္ၿပီး X2 Pro မွာ Dolby Atmos နဲ႔ Hi-Res Audio Certification ေထာက္ပံ့တဲ့ Dual Stereo Speakers ေတြ ပါမယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိ Realme X Series ေတြမွာ Dolby Atmos ပါေပမယ့္ Earphones တပ္လိုက္မွသာ Enable ျဖစ္သြားတာပါ။ X2 Pro မွာေတာ့ Speakers ေတြကေန အလန္းစား အသံအရည္အေသြးကို ခံစားႏုိင္မွာ ျဖစ္ပါတယ္။

အဲဒီ ဖုန္းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စြမ္းရည္ျမင့္ ဖုန္း ျဖစ္ပါတယ္။ မၾကာခင္ကလည္း Realme ရဲ႕ ေနာက္ထပ္ အရာရွိ တစ္ဦး ျဖစ္တဲ့ Chief Product Officer က အဲဒီ ဖုန္းရဲ႕ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ၁ ခုကို မွ်ေ၀ခဲ့ပါတယ္။ အဲဒါကေတာ့ 90Hz Display ျဖစ္ၿပီး 60Hz နဲ႔ 90Hz ၾကားမွာ ေျပာင္းလဲသံုးႏိုင္မွာပါ။ ဂိမ္းကစားတဲ့ အခါမွာ ၊ ဖုန္းကို ထိေတြ႕သံုးတဲ့ အခါမွာ အရမ္းကို ေခ်ာမြတ္ျမန္ဆန္ေနမွာပါ။ AMOLED Display အမ်ိဳးအစား ျဖစ္ႏုိင္ပါတယ္။ လက္ရွိ ဖုန္းေတြထဲမွာ အျမန္ဆံုးျဖစ္တဲ့ 50W Charging ပါလာႏိုင္ပါတယ္။

မေန႔ကပဲ ကုမၸဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ္ဆိုတာ ထပ္ေထာင္း သတင္းေပးလိုက္ပါတယ္။ ကင္မရာ ဒီဇိုင္းကို ဆန္းသစ္ထားမွာ ျဖစ္ၿပီး အလယ္ဗဟိုမွာ ေနရာခ်ထားမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Realme X2 Pro မှာ Dolby Atmos ထောက်ပံ့တဲ့ Dual Stereo Speakers ပါမည်

Realme X2 Pro ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ သတင်းတွေ ခပ်စိပ်စိပ်ထွက်ပေါ်နေပါတယ်။ အခုလည်း အဲဒီ ဖုန်းဟာ Dual Stereo Speakers ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ ဒီသတင်းကို Realme က အတည်ပြုလိုက်တာပါ။ ကုမ္ပဏီက တွစ်တာမှာ ဗီဒီယို ၁ ခု တင်လိုက်ပြီး X2 Pro မှာ Dolby Atmos နဲ့ Hi-Res Audio Certification ထောက်ပံ့တဲ့ Dual Stereo Speakers တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ Realme X Series တွေမှာ Dolby Atmos ပါပေမယ့် Earphones တပ်လိုက်မှသာ Enable ဖြစ်သွားတာပါ။ X2 Pro မှာတော့ Speakers တွေကနေ အလန်းစား အသံအရည်အသွေးကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းဟာ Qualcomm Snapdragon 855 Plus Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ မကြာခင်ကလည်း Realme ရဲ့ နောက်ထပ် အရာရှိ တစ်ဦး ဖြစ်တဲ့ Chief Product Officer က အဲဒီ ဖုန်းရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ၁ ခုကို မျှဝေခဲ့ပါတယ်။ အဲဒါကတော့ 90Hz Display ဖြစ်ပြီး 60Hz နဲ့ 90Hz ကြားမှာ ပြောင်းလဲသုံးနိုင်မှာပါ။ ဂိမ်းကစားတဲ့ အခါမှာ ၊ ဖုန်းကို ထိတွေ့သုံးတဲ့ အခါမှာ အရမ်းကို ချောမွတ်မြန်ဆန်နေမှာပါ။ AMOLED Display အမျိုးအစား ဖြစ်နိုင်ပါတယ်။ လက်ရှိ ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ 50W Charging ပါလာနိုင်ပါတယ်။

မနေ့ကပဲ ကုမ္ပဏီက 20x Hybrid Zoom ပါတဲ့ 64MP Quad Camera ပါလာမယ်ဆိုတာ ထပ်ထောင်း သတင်းပေးလိုက်ပါတယ်။ ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး အလယ်ဗဟိုမှာ နေရာချထားမှာ ဖြစ်ပါတယ်။

Ref : gsmarena