Zawgyi

Oppo ရဲ႕အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Realme ဟာ ၿပီးခဲ့တဲ့အပတ္ကမွ Snapdragon 730G အသုံးျပဳထားတဲ့ X2 ကို ေၾကညာမိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ Realme ရဲ႕ဝက္ဆုိက္မွတဆင့္ 90Hz Display နဲ႔ Snapdragon 855+ ခ်စ္ပ္ဆက္ အသစ္ဆက္ဆက္ေတြ ပါဝင္မယ့္ X2 Pro ဗားရွင္းကို ထပ္မံမိတ္ဆက္လာမွာျဖစ္ေၾကာင္း ေၾကညာလာခဲ့ပါၿပီ။

အခုခ်ိန္မွာ X2 Pro နဲ႔ပတ္သက္တဲ့ Specs အနည္းငယ္ကို ေပးသိခဲ့တဲ့ Realme ဟာ ဥေရာပေစ်းကြက္တစ္ခုျဖစ္တဲ့ စပိန္ႏုိင္ငံမွာ X2 Pro ဖုန္းသစ္အား “မၾကာခင္” ေၾကညာသြားမယ္လို႔လည္း သတင္းစကားေပးခဲ့ပါတယ္။

Realme X2 Pro ဖုန္းမွာ XT နဲ႔ X2 တုိ႔လို ေနာက္ဘက္မွာ Quad-cam ကိုျမင္ရမွာျဖစ္ၿပီး အဓိက Sensor ကိုလည္း လက္ရွိအျမင့္ဆုံးေစ်းကြက္စံႏႈန္းလုိ႔ ဆုိရမယ့္ 64MP နဲ႔ပဲထြက္လာမွာပါ။ ဒါေပမယ့္ ေျပာင္းလဲမႈအနည္းငယ္ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူ႕ရဲ႕ 8MP Ultrawide ကင္မရာက XT နဲ႔ X2 တုိ႔မွာလို ျမင္ကြင္းဒီဂရီ ၁၁၉ အစား ၁၁၅ ဒီဂရီ သာ ပါဝင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ ကင္မရာေလးလုံးထဲမွာ Telephoto Len တစ္ခုကိုလည္း ထည့္သြင္းလာၿပီး 20x Hybrid Zoom စြမ္းအားကို ေပးစြမ္းႏုိင္မွာျဖစ္ကာ သီးသန္႔ Macro Camera ကိုေတာ့ ျဖဳတ္လုိက္ပါတယ္။ ဒါေပမယ့္ 8MP Ultrawide ကင္မရာကို အသုံးျပဳၿပီး Macro Shot ေတြကို ဆက္ရုိက္ႏုိင္ဦးမယ္လို႔ ဆုိထားတယ္။ X2 Pro မွာ မူရင္း X2 ရုိးရုိးလုိပဲ Real-time Bokeh Video ရုိက္ခ်က္ Feature ကို ဆက္အသုံးျပဳႏုိင္ဦးမွာပါ။

က်န္ေသးတဲ့ Specs ေတြကိုေတာ့ Realme က အကုန္အစင္မိတ္မဆက္လာေသးေပမယ့္ Realme Europe က ေအာက္တုိဘာ ၄ ရက္ေန႔ မတိုင္ခင္ထိ ဖုန္းအသစ္မွာ ပါဝင္မယ့္ Feature ေတြကို တစ္ေန႔တစ္ခု ထုတ္ေဖာ္ျပသြားမယ္လို႔ ကတိေပးထားပါတယ္။ Realme ဟာ X2 Pro အတြက္ တရားဝင္မိတ္ဆက္လာမယ့္ရက္ကို မေၾကညာေသးပါဘူး။ ဒါေပမယ့္ ကုမၸဏီရဲ႕ Press ထုတ္ျပန္စာထဲမွာေတာ့ အာရွနဲ႔ ဥေရာပေစ်းကြက္ႏွစ္ခုလုံးကို တၿပိဳင္တည္းမိတ္ဆက္လာမယ္လို႔ ဆုိထားတဲ့အတြက္ ေတာ္ေတာ္ေလး နီးကပ္ေနၿပီလို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Oppo ရဲ့အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Realme ဟာ ပြီးခဲ့တဲ့အပတ်ကမှ Snapdragon 730G အသုံးပြုထားတဲ့ X2 ကို ကြေညာမိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် Realme ရဲ့ဝက်ဆိုက်မှတဆင့် 90Hz Display နဲ့ Snapdragon 855+ ချစ်ပ်ဆက် အသစ်ဆက်ဆက်တွေ ပါဝင်မယ့် X2 Pro ဗားရှင်းကို ထပ်မံမိတ်ဆက်လာမှာဖြစ်ကြောင်း ကြေညာလာခဲ့ပါပြီ။

အခုချိန်မှာ X2 Pro နဲ့ပတ်သက်တဲ့ Specs အနည်းငယ်ကို ပေးသိခဲ့တဲ့ Realme ဟာ ဥရောပဈေးကွက်တစ်ခုဖြစ်တဲ့ စပိန်နိုင်ငံမှာ X2 Pro ဖုန်းသစ်အား “မကြာခင်” ကြေညာသွားမယ်လို့လည်း သတင်းစကားပေးခဲ့ပါတယ်။

Realme X2 Pro ဖုန်းမှာ XT နဲ့ X2 တို့လို နောက်ဘက်မှာ Quad-cam ကိုမြင်ရမှာဖြစ်ပြီး အဓိက Sensor ကိုလည်း လက်ရှိအမြင့်ဆုံးဈေးကွက်စံနှုန်းလို့ ဆိုရမယ့် 64MP နဲ့ပဲထွက်လာမှာပါ။ ဒါပေမယ့် ပြောင်းလဲမှုအနည်းငယ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ 8MP Ultrawide ကင်မရာက XT နဲ့ X2 တို့မှာလို မြင်ကွင်းဒီဂရီ ၁၁၉ အစား ၁၁၅ ဒီဂရီ သာ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကင်မရာလေးလုံးထဲမှာ Telephoto Lesn တစ်ခုကိုလည်း ထည့်သွင်းလာပြီး 20x Hybrid Zoom စွမ်းအားကို ပေးစွမ်းနိုင်မှာဖြစ်ကာ သီးသန့် Macro Camera ကိုတော့ ဖြုတ်လိုက်ပါတယ်။ ဒါပေမယ့် 8MP Ultrawide ကင်မရာကို အသုံးပြုပြီး Macro Shot တွေကို ဆက်ရိုက်နိုင်ဦးမယ်လို့ ဆိုထားတယ်။ X2 Pro မှာ မူရင်း X2 ရိုးရိုးလိုပဲ Real-time Bokeh Video ရိုက်ချက် Feature ကို ဆက်အသုံးပြုနိုင်ဦးမှာပါ။

ကျန်သေးတဲ့ Specs တွေကိုတော့ Realme က အကုန်အစင်မိတ်မဆက်လာသေးပေမယ့် Realme Europe က အောက်တိုဘာ ၄ ရက်နေ့ မတိုင်ခင်ထိ ဖုန်းအသစ်မှာ ပါဝင်မယ့် Feature တွေကို တစ်နေ့တစ်ခု ထုတ်ဖော်ပြသွားမယ်လို့ ကတိပေးထားပါတယ်။ Realme ဟာ X2 Pro အတွက် တရားဝင်မိတ်ဆက်လာမယ့်ရက်ကို မကြေညာသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီရဲ့ Press ထုတ်ပြန်စာထဲမှာတော့ အာရှနဲ့ ဥရောပဈေးကွက်နှစ်ခုလုံးကို တပြိုင်တည်းမိတ်ဆက်လာမယ်လို့ ဆိုထားတဲ့အတွက် တော်တော်လေး နီးကပ်နေပြီလို့ ယူဆရပါတယ်။

Ref – GSM Arena