realme ကနေ အခုအချိန်မှာ OPPO ရဲ့ ColorOS အစား realme UI ဆိုပြီး ကိုယ်ပိုင် OS အသစ်ကိုအသုံးပြုနေပြီဖြစ်ပါတယ်။ အခုလည်း realme ရဲ့ Vice President ဖြစ်တဲ့ Xu Qi ကနေ realme X2 Series တွေနဲ့ realme Q ဖုန်းဟာ မကြာခင်မှာ realme UI အသစ်ကိုရရှိတော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

realme X2 Series နဲ့ realme Q ဖုန်းတွေအတွက် လောလောဆယ်မှာ Android 10 ကို အခြေခံတဲ့ realme UI အတွက် Open Beta ကိုစတင်အသုံးပြုနိုင်နေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အတွင်းမှာ Stable Update ကိုရရှိိလာတော့မှာဖြစ်ပါတယ်။

realme ရဲ့ Senior Executive ပြောစကားအရတော့ realme ဟာ လက်ရှိထွက်ရှိထားသမျှ realme ဖုန်းတွေအကုန်လုံးကို realme UI Update ပြုလုပ်ပေးသွားဖို့ ကြိုးစားနေတယ်လို့လည်းသိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာတော့ realme ဖုန်းတွေက OPPO ဆီကနေ လုံးဝခွဲထွက်သွားမယ့်ပုံစံပါပဲ။

realme UI ဟာ လက်ရှိအချိန်မှာတော့ OPPO ရဲ့ ColorOS နဲ့ယှဥ်ရင် တူညီမှုတွေများပြားနေသေးတယ်ဆိုပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ်ပိုင် Feature အသစ်တွေကိုထည့်သွင်းလာတာကိုလည်းတွေ့ရပါတယ်။ realme ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ Pure Android ပုံစံမျိုးရှင်းလင်းအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China