[ Zawgyi]

Realme X2 ကို လာမယ့္ရက္သတၱပတ္မွာ တရားဝင္ ေၾကညာေတာ့မယ္လို႔ Weibo မွာ ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ Realme X ကိုဆက္ခံတဲ့ X2 ဟာ ေက်ာဘက္ကင္မရာ ၄ လုံးတပ္ဆင္ထားမယ္လို႔ သိရပါတယ္။ ဒီအထဲက အဓိကကင္မရာကေတာ့ 64MP လို႔လည္း ဆိုပါတယ္။

အခု ထပ္ၿပီး သိလိုက္ရတာက 32MP Selfie ကင္မရာလည္း ပါဝင္မယ့္ Realme X2 ဟာ Snapdragon 730G SoC လည္း အသုံးျပဳထားမယ္ဆိုတာပါပဲ။ ဒီ Chipset အသုံးျပဳမယ္ဆိုတဲ့အေၾကာင္းကိုလည္း ကုမၸဏီက Weibo မွာ တရားဝင္ ထုတ္ေဖာ္ခဲ့တာပါ။ ဒါေၾကာင့္ မွားယြင္းစရာ မရွိေတာ့ပါဘူး။

လက္ရွိ ေတြ႕ျမင္ရသေလာက္ ေျပာရမယ္ဆိုရင္ေတာ့ Realme X2 ရဲ႕ ဒီဇိုင္းပိုင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က အိႏၵိယမွာေၾကညာသြားခဲ့တဲ့ Realme XT နဲ႔ ဆင္တူေနတာ ေတြ႕ရပါတယ္။ ထြက္ေပၚထားတဲ့ ပုံရိပ္ေတြအရ Realme X2 ဟာ Pearl Whit နဲ႔ Pearl Blue ဆိုၿပီး အေရာင္ႏွစ္မ်ိဳး ထြက္လာမယ္လို႔လည္း ဆိုႏိုင္ပါတယ္။

တ႐ုတ္ေဈးကြက္အတြက္ Realme X2 ဟာ ဒီဇင္ဘာမွာ အိႏၵိယေဈးကြက္ထဲပို႔ေဆာင္မယ့္ XT 730G ကို နာမည္ေျပာင္းထားတာလို႔ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္ကေန ေျပာဆိုခဲ့တယ္လို႔လည္း သိရွိရပါတယ္။ ဒါေၾကာင့္ Snapdragon 730G, 32MP Selfie ကင္မရာနဲ႔ 30W VOOC အျမန္အားသြင္းစနစ္ စတဲ့ အခ်က္အလက္ေတြဟာ Relame X2 မွာလည္း ေတြ႕ျမင္ရမယ္ဆိုတာ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ။

Ref: GSM Arena

[Unicode]

Realme X2 မှာ Snapdragon 730G SoC အသုံးပြုထားမယ်လို့ သိရ

Realme X2 ကို လာမယ့်ရက်သတ္တပတ်မှာ တရားဝင် ကြေညာတော့မယ်လို့ Weibo မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Realme X ကိုဆက်ခံတဲ့ X2 ဟာ ကျောဘက်ကင်မရာ ၄ လုံးတပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဒီအထဲက အဓိကကင်မရာကတော့ 64MP လို့လည်း ဆိုပါတယ်။

အခု ထပ်ပြီး သိလိုက်ရတာက 32MP Selfie ကင်မရာလည်း ပါဝင်မယ့် Realme X2 ဟာ Snapdragon 730G SoC လည်း အသုံးပြုထားမယ်ဆိုတာပါပဲ။ ဒီ Chipset အသုံးပြုမယ်ဆိုတဲ့အကြောင်းကိုလည်း ကုမ္ပဏီက Weibo မှာ တရားဝင် ထုတ်ဖော်ခဲ့တာပါ။ ဒါကြောင့် မှားယွင်းစရာ မရှိတော့ပါဘူး။

လက်ရှိ တွေ့မြင်ရသလောက် ပြောရမယ်ဆိုရင်တော့ Realme X2 ရဲ့ ဒီဇိုင်းပိုင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က အိန္ဒိယမှာကြေညာသွားခဲ့တဲ့ Realme XT နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ ထွက်ပေါ်ထားတဲ့ ပုံရိပ်တွေအရ Realme X2 ဟာ Pearl Whit နဲ့ Pearl Blue ဆိုပြီး အရောင်နှစ်မျိုး ထွက်လာမယ်လို့လည်း ဆိုနိုင်ပါတယ်။

တရုတ်ဈေးကွက်အတွက် Realme X2 ဟာ ဒီဇင်ဘာမှာ အိန္ဒိယဈေးကွက်ထဲပို့ဆောင်မယ့် XT 730G ကို နာမည်ပြောင်းထားတာလို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်ကနေ ပြောဆိုခဲ့တယ်လို့လည်း သိရှိရပါတယ်။ ဒါကြောင့် Snapdragon 730G, 32MP Selfie ကင်မရာနဲ့ 30W VOOC အမြန်အားသွင်းစနစ် စတဲ့ အချက်အလက်တွေဟာ Relame X2 မှာလည်း တွေ့မြင်ရမယ်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။

Ref: GSM Arena