[Zawgyi]

Realme X2 ဟာ Realme X ကို ဆက္ခံတဲ့ ဖုန္းျဖစ္ၿပီး လာမယ့္ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ မိတ္မဆက္ခင္ရက္ပိုင္းအလိုမွာ Realme X2 ရဲ႕ မ်က္ႏွာျပင္အမ်ိဳးအစားေၾကာင္း သတင္းတစ္ခု ထပ္ထြက္လာပါတယ္။

Realme X2 ဟာ Super AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္တဲ့အျပင္ Under-Display Fingerprint Scanner နဲ႔လည္း ျဖစ္တယ္လို႔ သတင္းထြက္ေပၚလာတာပါ။ ဒီသတင္းကေတာ့ Realme ကိုယ္တိုင္က Weibo မွာ တရားဝင္ေၾကညာသြားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Screen-to-body အခ်ိဳးကလည္း 91.9% အထိ ရွိတယ္လို႔ ကုမၸဏီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါေသးတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားကိုေတာ့ အခုထိ မသိရွိရေသးပါဘူး။

ၿပီးခဲ့တဲ့ သတင္းထြက္ေပၚလာမႈေတြအရ Realme X2 ဟာ ေက်ာဘက္ကင္မရာ ၄ လုံးတပ္ဆင္ထားမွာျဖစ္ၿပီး၊ အဓိက ကင္မရာကေတာ့ 64MP ျဖစ္မယ္လို႔ သိရပါတယ္။ အေရွ႕ဘက္မွာေတာ့ 32MP Selfie ကင္မရာ တစ္လုံးကိုလည္း တပ္ဆင္ေပးထားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Snapdragon 730G SoC အသုံးျပဳထားမယ္လို႔လည္း Weibo မွာ တရားဝင္ ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။

ဘက္ထရီက 4,000 mAh ပမာဏကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး 30W VOOC 4.0 အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားတယ္လို႔ ကုမၸဏီက ထုတ္ေဖာ္ေၾကညာၿပီးသားလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကင္မရာပိုင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြနဲ႔ အျခားအခ်က္အလက္ေတြကိုပဲ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Super AMOLED မျက်နှာပြင် UD Fingerprint တွေနဲ့ ထွက်လာမယ့် Realme X2

Realme X2 ဟာ Realme X ကို ဆက်ခံတဲ့ ဖုန်းဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်မဆက်ခင်ရက်ပိုင်းအလိုမှာ Realme X2 ရဲ့ မျက်နှာပြင်အမျိုးအစားကြောင်း သတင်းတစ်ခု ထပ်ထွက်လာပါတယ်။

Realme X2 ဟာ Super AMOLED မျက်နှာပြင်နဲ့ဖြစ်တဲ့အပြင် Under-Display Fingerprint Scanner နဲ့လည်း ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာတာပါ။ ဒီသတင်းကတော့ Realme ကိုယ်တိုင်က Weibo မှာ တရားဝင်ကြေညာသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Screen-to-body အချိုးကလည်း 91.9% အထိ ရှိတယ်လို့ ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ မျက်နှာပြင်အရွယ်အစားကိုတော့ အခုထိ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ သတင်းထွက်ပေါ်လာမှုတွေအရ Realme X2 ဟာ ကျောဘက်ကင်မရာ ၄ လုံးတပ်ဆင်ထားမှာဖြစ်ပြီး၊ အဓိက ကင်မရာကတော့ 64MP ဖြစ်မယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာ တစ်လုံးကိုလည်း တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Snapdragon 730G SoC အသုံးပြုထားမယ်လို့လည်း Weibo မှာ တရားဝင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဘက်ထရီက 4,000 mAh ပမာဏကို တပ်ဆင်ပေးထားမှာဖြစ်ပြီး 30W VOOC 4.0 အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားတယ်လို့ ကုမ္ပဏီက ထုတ်ဖော်ကြေညာပြီးသားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်မရာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေနဲ့ အခြားအချက်အလက်တွေကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena