ပြီးခဲ့တဲ့လမှာ Realme X3 SuperZoom ကိုမိတ်ဆက်ခဲ့ပြီးတဲ့နောက် ယနေ့မှာ Realme X3 ရဲ့ ရိုးရိုး Vanilla ဗားရှင်းကို တရားဝင်မိတ်ဆက်လာခဲ့ပါတယ်။ SuperZoom မှာပါတဲ့ Periscope ယူနစ်အစား 12MP Telephoto ကင်မရာကို တွေ့ရမှာပါ။

ဆဲလ်ဖီးကင်မရာပိုင်းမှာလည်း မတူညီမှုတွေရှိပြီး X3 ဖုန်းဟာ Punch-hole လေးထဲမှာ 16MP + 8MP Ultrawide ကင်မရာနှစ်လုံးတွဲ ထည့်သွင်းထားတယ်။ ကင်မရာနဲ့ မန်မိုရီပိုင်းကလွဲရင်တော့ X3 Vanilla ဗားရှင်းဟာ SuperZoom နဲ့ အတူတူပါပဲ။

ရှေ့ဘက်မှာ 6.6” FHD+ IPS LCD Screen ကိုမှ 120Hz Refresh Rate ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Fingerprint ကို ညာဘက်ခြမ်းမှာတွေ့ရပြီး နောက်ဘက်မှာတော့ 64MP အဓိကကင်မရာနဲ့အတူ 8MP Ultrawide + 2MP + 12MP 51mm Telephoto Sensor တွေ ပါဝင်ပါတယ်။

မနှစ်က Flagship တွေအတွက် ထိပ်ဆုံးက ရွေးချယ်စရာဖြစ်တဲ့ Snapdragon 855+ ကို ပြန်လည်အသုံးပြုလာပြီး မန်မိုရီက 6/8 GB RAM နဲ့ 128GB UFS 3.0 Storage တို့ဖြစ်ပါတယ်။ Android 10 OS အခြေခံထားတဲ့ Realme UI ကို အသုံးပြုရမှာဖြစ်ပြီး 4,200 mAh ဘက္ထရီမှာ 30W အားသွင်းစနစ်ပါဝင်တယ်။

Realme X3 ဖုန်းကို အပြာနဲ့ အဖြူရောင်ကာလာတွေနဲ့ ရရှိနိုင်ပြီး အခြေခံ 6/128GB မော်ဒယ်က ရူပီး ၂၄၉၉၉ (မြန်မာငွေ လေးသိန်းခြောက်သောင်း) ကျသင့်ကာ 8GB RAM ဗားရှင်းကတော့ ရူပီး ၂၅၉၉၉ (ကျပ်လေးသိန်းရှစ်သောင်း) ကျသင့်မှာပါ။

Ref – GSMArena