[Unicode]

သတင်းတွေများစွာ ထွက်ပေါ်ခဲ့ပြီးနောက်မှာ Realme X50 5G ကို တရားဝင် ကြေညာလိုက်ပါပြီ။ ၆.၅၇ လက်မ IPS LCD Display ပါလာ ပြီး 120Hz Refresh Rate ထောက်ပံ့တဲ့အတွက် ဂိမ်း ကစားရင်၊ ဖုန်းသုံးရင် လျှင်မြန်စေမှာပါ။ Dual Punch-hole မှာ 16MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

5G Modem ပါတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ နာမည်ကျော် 64MP Main ကင်မရာ ပါလာပြီး 4-in-1 Binning နဲ့ 16MP Shots တွေ ဖမ်းယူပေးနိုင်ပါတယ်။ တခြား ကင်မရာ ၃ လုံးက 12MP Tele + 8MP Ultrawide + 2MP Macro တွေ ဖြစ်ပါတယ်။ 30W VOOC 4.0 Wired Charging ပါတဲ့ 4,200mAh ဘက်ထရီ ပါလာပါတယ်။

Android 10 အခြေပြု Color OS 7.0 မောင်းနှင်ထားပြီး OPPO ColorOS အစား Custom Realme UI ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ တရုတ်မှာ စတင် ရောင်းပေးလိုက်ပါပြီ။ 8/128GB ၊ 6/256GB နဲ့ 12/256GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ၂,၄၉၉ ယွမ်၊ ၂,၆၉၉ ယွမ်နဲ့ ၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၂၀,၀၀၀ ၊ ၅၆၀,၀၀၀ နဲ့ ၆၃၀,၀၀၀ အသီးသီးကျသင့်ပါတယ်။

Ref : gsmarena

[Zawgyi]

120Hz Display ပါလာတဲ့ Realme X50 5G ကို ကြေညာလိုက်ပြီ




Ref : gsmarena