[Unicode]
Realme X50 5G ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ ပထမဆုံး အသုတ် ရောင်းချပေးလိုက်ပြီး မြန်မြန်ပဲ ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။ Realme ရဲ့ ပထမဆုံး 5G ဖုန်းကို လူတွေ အရမ်းကို စိတ်ဝင်စားနေတာ သိသာပါတယ်။ နောက်တစ်သုတ်ကို ၉ ရက်နေ့မှာ ရောင်းမှာပါ။ 
အဲဒီဖုန်းမှာ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8/128GB ၊ 6/256GB နဲ့ 12/256GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ၂,၄၉၉ ယွမ်၊ ၂,၆၉၉ ယွမ်နဲ့ ၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅၂၀,၀၀၀ ၊ ၅၆၀,၀၀၀ နဲ့ ၆၃၀,၀၀၀ အသီးသီးကျသင့်ပါတယ  Android 10 အခြေပြု Color OS 7.0 မောင်းနှင်ထားပြီး ၆.၅၇ လက်မ FHD+ 120Hz IPS LCD တပ်ဆင်ထားပါတယ်။ ဆေးတောင့်ပုံ Punch Hole မှာ 16MP နဲ့ 8MP Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။ 
အနောက်ဘက်မှာ 64MP Main , 12MP Telephoto , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ VOOC 4.0 Flash Charge ပါတဲ့ 4,200mAh ဘက်ထရီ ထည့်သွင်းထားပြီး အရင် X Series တွေလို မဟုတ်ဘဲ လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။  
ref : gsmarena
 [Zawgyi]
ပထမ အသုတ်မှာ ပစ္စည်း ပြတ်သွားတဲ့ Realme X50 5G
ref : gsmarena