Unicode

ဇန်နဝါရီလ ၇ ရက်နေ့မှာ မိတ်ဆက်မယ့် Realme X50 5G စမတ်ဖုန်းဟာ TENAA အတည်ပြုချက်ကို ရယူနေပြီ ဖြစ်ပြီး သူ့ရဲ့ Specs အပြည့်အစုံကို ဖော်ပြလာခဲ့ပါပြီ။

TENAA စာရင်းအရ X50 5G ဖုန်းမှာ 6.57” လက်မအရွယ် FHD+ TFT Display စနစ်ကို အသုံးပြုထားတာကြောင့် In-display Fingerprint ပါမှာမဟုတ်ပါဘူး။ ဒါပေမယ့် TENAA စာရင်းထဲမှာတော့ Under-display Fingerprint လို့ ဖော်ပြခဲ့ပေမယ့် အမှားအယွင်းဖြစ်ပါလိမ့်မယ်။ Realme ကိုယ်တိုင် အတည်ပြုထုတ်ပြန်ထားတဲ့ တရားဝင်ပုံတွေထဲမှာ Fingerprint ကို ဘေးဘက်ခလုတ် (Side-mounted) ထည့်လာမယ်ဆိုတာ ဖော်ပြထားလို့ပါ။

အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်သုံးထားတဲ့ X50 5G ကို 6/8/12 GB RAM မန်မိုရီနဲ့ 64/128/256 GB Storage ဆိုပြီး သုံးမျိုးစီရွေးချယ်နိုင်မှာပါ။ ဒီဖုန်းမှာ Android 10 OS တန်းပါလာမှာဖြစ်ပြီး ဘက္ထရီကတော့ 4,100 mAh ပမာဏဖြစ်ပါတယ်။ ကုမ္ပဏီက တစ်ခါအားသွင်းရင် နှစ်ရက်ကြာအသုံးခံမယ်လို့ ဆိုထားပြီး VOOC 4.0 အားသွင်းစနစ်သစ်နဲ့ အသုံးပြုရမှာပါ။

ကင်မရာပိုင်းမှာတော့ X50 5G မှာ စုစုပေါင်းကင်မရာ ၆ လုံးပါမယ်လို့ အတည်ပြုထားတယ်။ ရှေ့ဘက်မှာ 16MP + 8MP Selfie နှစ်လုံးပါဝင်ပြီး နောက်ဘက်မှာ အဓိက 64MP Sensor ကြီးကို 12MP + 8MP + 2MP တို့နဲ့ တွဲဖက်လာမှာပါ။

Realme X50 5G စမတ်ဖုန်းကို Blue, Purple, Black နဲ့ Gold ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မယ်လို့လည်း TENAA က ဖော်ပြထားပါတယ်။ အားလုံးက ဇန်နဝါရီ ၇ ရက်မှာ X50 5G နဲ့ Lite ဗားရှင်းတို့ကို အတူကြေညာလာမယ်လို့ မျှော်လင့်ထားပေမယ့် Realme C3 ကိုလည်း ထုတ်ဖော်ပြလာနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

ဇန္နဝါရီလ ၇ ရက္ေန႔မွာ မိတ္ဆက္မယ့္ Realme X50 5G စမတ္ဖုန္းဟာ TENAA အတည္ျပဳခ်က္ကို ရယူေနၿပီ ျဖစ္ၿပီး သူ႕ရဲ႕ Specs အျပည့္အစုံကို ေဖာ္ျပလာခဲ့ပါၿပီ။

TENAA စာရင္းအရ X50 5G ဖုန္းမွာ 6.57” လက္မအရြယ္ FHD+ TFT Display စနစ္ကို အသုံးျပဳထားတာေၾကာင့္ In-display Fingerprint ပါမွာမဟုတ္ပါဘူး။ ဒါေပမယ့္ TENAA စာရင္းထဲမွာေတာ့ Under-display Fingerprint လို႔ ေဖာ္ျပခဲ့ေပမယ့္ အမွားအယြင္းျဖစ္ပါလိမ့္မယ္။ Realme ကိုယ္တုိင္ အတည္ျပဳထုတ္္ျပန္ထားတဲ့ တရားဝင္ပုံေတြထဲမွာ Fingerprint ကို ေဘးဘက္ခလုတ္ (Side-mounted) ထည့္လာမယ္ဆုိတာ ေဖာ္ျပထားလို႔ပါ။

အတြင္းမွာ Snapdragon 765G ခ်စ္ပ္ဆက္သုံးထားတဲ့ X50 5G ကို 6/8/12 GB RAM မန္မုိရီနဲ႔ 64/128/256 GB Storage ဆုိၿပီး သုံးမ်ဳိးစီေရြးခ်ယ္ႏုိင္မွာပါ။ ဒီဖုန္းမွာ Android 10 OS တန္းပါလာမွာျဖစ္ၿပီး ဘကၳရီကေတာ့ 4,100 mAh ပမာဏျဖစ္ပါတယ္။ ကုမၸဏီက တစ္ခါအားသြင္းရင္ ႏွစ္ရက္ၾကာအသုံးခံမယ္လို႔ ဆုိထားၿပီး VOOC 4.0 အားသြင္းစနစ္သစ္္နဲ႔ အသုံးျပဳရမွာပါ။

ကင္မရာပုိင္းမွာေတာ့ X50 5G မွာ စုစုေပါင္းကင္မရာ ၆ လုံးပါမယ္လို႔ အတည္ျပဳထားတယ္။ ေရွ႕ဘက္မွာ 16MP + 8MP Selfie ႏွစ္လုံးပါဝင္ၿပီး ေနာက္ဘက္မွာ အဓိက 64MP Sensor ႀကီးကို 12MP + 8MP + 2MP တုိ႔နဲ႔ တြဲဖက္လာမွာပါ။

Realme X50 5G စမတ္ဖုန္းကို Blue, Purple, Black နဲ႔ Gold ဆုိၿပီး အေရာင္ေလးမ်ဳိးနဲ႔ ရရွိႏုိင္မယ္လို႔လည္း TENAA က ေဖာ္ျပထားပါတယ္။ အားလုံးက ဇန္နဝါရီ ၇ ရက္မွာ X50 5G နဲ႔ Lite ဗားရွင္းတုိ႔ကို အတူေၾကညာလာမယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္ Realme C3 ကိုလည္း ထုတ္ေဖာ္ျပလာႏုိင္ပါတယ္။

Ref – GSM Arena