Unicode

Realme X50 5G စမတ်ဖုန်းဟာ Realme အမှတ်တံဆိပ်အတွက် ပထမဆုံး 5G စမတ်ဖုန်းဖြစ်ပြီး တရုတ်နိုင်ငံမှာ အခုလအတွင်း မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒီဖုန်းရဲ့ Spec အချို့ကို တရားဝင်ကြေငြာခဲ့ပြီးဖြစ်ကာ သူ့မှာ Dual Punch-hole ကင်မရာနဲ့ Snapdragon 765G ချစ်ပ်ဆက်တို့ ပါဝင်လာမယ်ဆိုတာ သိထားရပြီးသားပါ။ ယနေ့မှာတော့ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို သေချာမြင်ရနိုင်မယ့် ပထမဆုံး Render ပုံရိပ်ထွက်လာပါတယ်။

Render ထဲမှာ မြင်ရသလိုပဲ Realme X50 5G ဖုန်းရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ ဆေးထောင့်ပုံသဏ္ဍာန် Punch-hole နေရာရှိပါတယ်။ Screen ရဲ့ပတ်ပတ်လည်မှာ ပါးလွှာတဲ့ Bezel တွေပါဝင်တာကိုလည်းတွေ့ရမှာဖြစ်ပြီး Fingerprint ကိုလည်း In-display ထည့်သွင်းထားပါတယ်။

Realme X50 5G စမတ်ဖုန်းရဲ့ကျောဘက်ဟာ Glass နဲ့ပြုလုပ်ထားပုံရပြီး ကျောဘက်မှာ Lens လေးခုပါဝင်တဲ့ ကင်မရာကို ထောင်လိုက်ထည့်သွင်းထားတာမြင်တွေ့ရပါတယ်။ အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ColorOS 7 အသစ်စက်စက် ပါဝင်လာမှာပါ။ မန်မိုရီကတော့ 12GB RAM နဲ့ 128GB လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ 50W အားအမြန်သွင်းစနစ်ပါ မြင်ရမှာပါ။

သတင်းရင်းမြစ်ကတော့ Realme X50 5G စီးရီးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်လာမယ်လို့ ဖော်ပြထားပြီး SD765G ဗားရှင်း Realme X50 5G ကို အခုလမှာမြင်ရနိုင်ပေမယ့် သူ့ရဲ့ Flagship ဗားရှင်းကို ထပ်ထုတ်လုပ်လာမယ်လို့ ဆိုထားပါတယ်။ အရင်ကလည်း Realme X50 5G Youth Edition ဗားရှင်းကိုလည်း မြင်ရမယ်လို့ သတင်းထွက်ထားပြီးသားပါ။

Ref – Gizmo China

Zawgyi

Realme X50 5G စမတ္ဖုန္းဟာ Realme အမွတ္တံဆိပ္အတြက္ ပထမဆုံး 5G စမတ္ဖုန္းျဖစ္ၿပီး တရုတ္ႏုိင္ငံမွာ အခုလအတြင္း မိတ္ဆက္လာမွာျဖစ္ပါတယ္။ ဒီဖုန္းရဲ႕ Spec အခ်ဳိ႕ကို တရားဝင္ေၾကျငာခဲ့ၿပီးျဖစ္ကာ သူ႕မွွာ Dual Punch-hole ကင္မရာနဲ႔ Snapdragon 765G ခ်စ္ပ္ဆက္တုိ႔ ပါဝင္လာမယ္ဆုိတာ သိထားရၿပီးသားပါ။ ယေန႔မွာေတာ့ စမတ္ဖုန္းရဲ႕ ဒီဇုိင္းကို ေသခ်ာျမင္ရႏုိင္မယ့္ ပထမဆုံး Render ပုံရိပ္ထြက္လာပါတယ္။

Render ထဲမွာ ျမင္ရသလိုပဲ Realme X50 5G ဖုန္းရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ ေဆးေထာင့္ပုံသ႑ာန္ Punch-hole ေနရာရွိပါတယ္။ Screen ရဲ႕ပတ္ပတ္လည္မွာ ပါးလႊာတဲ့ Bezel ေတြပါဝင္တာကိုလည္းေတြ႕ရမွာျဖစ္ၿပီး Fingerprint ကိုလည္း In-display ထည့္သြင္းထားပါတယ္။

Realme X50 5G စမတ္ဖုန္းရဲ႕ေက်ာဘက္ဟာ Glass နဲ႔ျပဳလုပ္ထားပုံရၿပီး ေက်ာဘက္မွာ Lens ေလးခုပါဝင္တဲ့ ကင္မရာကို ေထာင္လုိက္ထည့္သြင္းထားတာျမင္ေတြ႕ရပါတယ္။ အတြင္းမွာ Snapdragon 765G ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ColorOS 7 အသစ္စက္စက္ ပါဝင္လာမွာပါ။ မန္မုိရီကေတာ့ 12GB RAM နဲ႔ 128GB လို႔ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ 50W အားအျမန္သြင္းစနစ္ပါ ျမင္ရမွာပါ။

သတင္းရင္းျမစ္ကေတာ့ Realme X50 5G စီးရီးကို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ မိတ္ဆက္လာမယ္လို႔ ေဖာ္ျပထားၿပီး SD765G ဗားရွင္း Realme X50 5G ကို အခုလမွာျမင္ရႏုိင္ေပမယ့္ သူ႕ရဲ႕ Flagship ဗားရွင္းကို ထပ္ထုတ္လုပ္လာမယ္လို႔ ဆုိထားပါတယ္။ အရင္ကလည္း Realme X50 5G Youth Edition ဗားရွင္းကိုလည္း ျမင္ရမယ္လို႔ သတင္းထြက္ထားၿပီးသားပါ။

Ref – Gizmo China