Unicode

Realme ကုမ္ပဏီဟာ 5G နက်ဝပ်ထောက်ပံ့ပေးမယ့် သူတို့ရဲ့ Realme X50 စမတ်ဖုန်းကို ထုတ်လုပ်လာဖို့ ကြေညာခဲ့ပေမယ့် ဘယ်နေ့မှာ မိတ်ဆက်မယ်လို့တော့ အတည်မပြုရသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းကို ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်တဲ့ တရုတ်နိုင်ငံရဲ့ နွေဦးရာသီပွဲတော် မတိုင်ခင် မြင်တွေ့ရမယ်လို့ သိခွင့်ရခဲ့ပါပြီ။

ဒီသတင်းကိုတော့ Realme ရဲ့ ထုတ်ကုန်မန်နေဂျာဖြစ်သူ Wang Derek က သူ့ရဲ့ Weibo အကောင့်မှာ ဖော်ပြလာခဲ့တာဖြစ်ပြီး X50 5G စမတ်ဖုန်းဟာ နွေဦးရာသီပွဲတော် မတိုင်ခင် မိတ်ဆက်လာမယ်လို့ ရေးသားခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲတော်ရက်နားမှာ ကပ်ပြီးမြင်ရမယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် သုံးစွဲသူအချို့က X50 5G စမတ်ဖုန်းမှာ 120Hz Display ပါမလားလို့ မေးမြန်းခဲ့ရာမှာတော့ Derek က “တကယ်လို့ပါတယ်ဆိုရင် ဝယ်မှာလား” လို့ပြန်ဖြေခဲ့ပါတယ်။ ဒီစကားဟာ အဓိပ္ပါယ်နှစ်ခွထွက်နေပြီး X50 5G စမတ်ဖုန်းဟာ 5G နက်ဝပ်ထောက်ပံ့မှုပါဝင်တဲ့အပြင် Mid-range ဟန်းဆက်ဖြစ်တဲ့အတွက် 120Hz Display အမြင့်စားကို မြင်ရမယ်လို့ သိပ်တော့မမျှော်လင့်ထားပါဘူး။

Realme ကတော့ သူတို့ရဲ့ 5G ဖုန်းသစ်မှာ Snapdragon 765G ချစ်ပ်ဆက်နဲ့အတူ Dual-selfie ကင်မရာအတွက် Punch-hole စတိုင်လ် Display တို့ပါဝင်မယ်ဆိုတာ အတည်ပြုထားခဲ့ပါတယ်။ ထွက်ရှိလာဖို့ တစ်လကျော်သာ လိုတော့တဲ့ အတွက် လာမယ့်ရက်တွေမှာလည်း X50 5G ရဲ့ Spec တွေကို ထပ်မြင်ရဦးမှာပါ။

Ref – GSM Arena

Zawgyi

Realme ကုမၸဏီဟာ 5G နက္ဝပ္ေထာက္ပံ့ေပးမယ့္ သူတုိ႔ရဲ႕ Realme X50 စမတ္ဖုန္းကို ထုတ္လုပ္လာဖို႔ ေၾကညာခဲ့ေပမယ့္ ဘယ္ေန႔မွာ မိတ္ဆက္မယ္လို႔ေတာ့ အတည္မျပဳရေသးပါဘူး။ ဒါေပမယ့္ ဒီဖုန္းကို ဇန္နဝါရီ ၂၅ ရက္မွာ က်ေရာက္တဲ့ တရုတ္ႏုိင္ငံရဲ႕ ေႏြဦးရာသီပြဲေတာ္ မတုိင္ခင္ ျမင္ေတြ႕ရမယ္လို႔ သိခြင့္ရခဲ့ပါၿပီ။

ဒီသတင္းကိုေတာ့ Realme ရဲ႕ ထုတ္ကုန္မန္ေနဂ်ာျဖစ္သူ Wang Derek က သူ႕ရဲ႕ Weibo အေကာင့္မွာ ေဖာ္ျပလာခဲ့တာျဖစ္ၿပီး X50 5G စမတ္ဖုန္းဟာ ေႏြဦးရာသီပြဲေတာ္ မတိုင္ခင္ မိတ္ဆက္လာမယ္လို႔ ေရးသားခဲ့ပါတယ္။ ဒါ့ေၾကာင့္ ပြဲေတာ္ရက္နားမွာ ကပ္ၿပီးျမင္ရမယ္လို႔ ယူဆရပါတယ္။

ဒါ့အျပင္ သုံးစြဲသူအခ်ဳိ႕က X50 5G စမတ္ဖုန္းမွာ 120Hz Display ပါမလားလုိ႔ ေမးျမန္းခဲ့ရာမွာေတာ့ Derek က “တကယ္လုိ႔ပါတယ္ဆုိရင္ ဝယ္မွာလား” လို႔ျပန္ေျဖခဲ့ပါတယ္။ ဒီစကားဟာ အဓိပၸါယ္ႏွစ္ခြထြက္ေနၿပီး X50 5G စမတ္ဖုန္းဟာ 5G နက္ဝပ္ေထာက္ပံ့မႈပါဝင္တဲ့အျပင္ Mid-range ဟန္းဆက္ျဖစ္တဲ့အတြက္ 120Hz Display အျမင့္စားကို ျမင္ရမယ္လို႔ သိပ္ေတာ့မေမွ်ာ္လင့္ထားပါဘူး။

Realme ကေတာ့ သူတုိ႔ရဲ႕ 5G ဖုန္းသစ္မွာ Snapdragon 765G ခ်စ္ပ္ဆက္နဲ႔အတူ Dual-selfie ကင္မရာအတြက္ Punch-hole စတုိင္လ္ Display တုိ႔ပါဝင္မယ္ဆုိတာ အတည္ျပဳထားခဲ့ပါတယ္။ ထြက္ရွိလာဖို႔ တစ္လေက်ာ္သာ လိုေတာ့တဲ့ အတြက္ လာမယ့္ရက္ေတြမွာလည္း X50 5G ရဲ႕ Spec ေတြကို ထပ္ျမင္ရဦးမွာပါ။

Ref – GSM Arena